🗡14🗡ငါနဲ့နင် မပြီးသေးဘူး

843 78 1
                                    

Chapter (14)
ငါနဲ့နင် မပြီးသေးဘူး

ပြိုင်ပွဲစင်မြင့်နှင့် မနီးမဝေး အခန်းထဲတွင် တစ်စုံတစ်ယောက်သည် ထိုတိုက်ပွဲကို လှမ်းကြည့်နေ၏။

"ကျောင်းအုပ်ကြီး... ဒီမိန်းကလေးက မနှစ်က အောက်တန်းမှာ ဒုတိယအဆင့်ရခဲ့တဲ့ လန်ရော့ရှင်းပါ... သူမနဲ့ ဆန့်ကျင်ဘက်က ဘယ်သူလဲတော့ မသိဘူး...မနှစ်က ပြိုင်ပွဲမှာ အဆင့် သိပ်မမြင့်ဘူးထင်တယ်!"

သင်ကြားရေးဌာန ညွှန်ကြားရေးမှူးအသစ် ရာထူးကို တိုးပေးခံခဲ့ရတဲ့ ကျိတောက်မင်က ရှင်းပြသည်။

"ဝူအဆင့်ကို ရောက်လာတဲ့သူက ၇ကွင်းနယ်ပယ်နဲ့ တိုက်ခိုက်နိုင်မယ်လို့ မထင်ထားဘူး...  ဒီစွမ်းရည်က ထိပ်တန်းစွမ်းရည် မဟုတ်ပေမယ့် မင်းကိစ္စတချို့ လွတ်သွားပုံရတယ်"

ကျောင်းအုပ်ကြီး လော့ယန်ချင်းက ပြောသည်။

ထိုနေ့တုန်းက ဖန်းရှစ်တွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ထိုအကြီးအကဲနဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်ကို ရှာမတွေ့ခဲ့တာ နှမြောစရာ ကောင်းလှသည်။ ထိုအကြီးအကဲ ပေါ်လာသည်နှင့် အကြောင်းကြားရမည်ဟု ပြောခဲ့သည်။

တစ်ဖက်မှ တိကျသော သဘောတူချက်ကို ရရှိပြီးနောက် အကယ်ဒမီသို့ တုံ့ဆိုင်းစွာ ပြန်လာခဲ့သည်။

[translater note -学院 ကိုကျောင်းတော် မဟုတ်ဘဲ အကယ်ဒမီလို့ ဘာသာပြန်လိုက်မယ်နော်]

အတန်းပြိုင်ပွဲ စတင်တော့မည်ဖြစ်လို့ အချိန်ရှိတုန်း ကျင့်ကြံသူ ပေါက်စလေးတွေကို လှမ်းကြည့်ရင်း ထို​မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

"ဟုတ် ဟုတ် ကျွန်တော်သွားပြီး စုံစမ်းကြည့်လိုက်ပါမယ်" ကျိတောက်မင်က ကမန်းကတန်းပြောလိုက်သည်။

"အင်း"

ကျောင်းအုပ်ကြီးလော်က တပည့်တစ်ဦးကို မှတ်ချက်ပေးသည့် ပုံစံ​ဖြင့် ခေါင်းညိတ်လိုက်ပြီး

"သနားစရာပဲ၊ သူ့အစွမ်းက ပိုအားကောင်းရင်  အနိုင်ယူနိုင်ပေမယ့် ခွန်အားကို ကန့်သတ်ထားရင်တော့ သိုင်းကွက် ဆယ်ကွက်အတွင်း ကျိန်းသေရှုံးလိမ့်မယ်!"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now