🗡89🗡ဒုကျောင်းအုပ်ချန်နှင့် တိုက်ပွဲ (ပထမပိုင်း)

469 40 0
                                    

Chapter (89)
ဒုကျောင်းအုပ်ချန်နှင့်တိုက်ပွဲ (ပထမအပိုင်း)

"လုရွှမ်? မင်းက လုရွှမ်?" ဒုကျောင်းအုပ်ချန် အံ့အားသင့်သွားသည်။

သူ့လူတွေကို နေရာတိုင်းမှာ လွှတ်ပြီး ဖမ်းဆီးဖို့ နောက်ဆုံး ရွှေရောင် အမိန့်စာကိုတောင် ထုတ်ပြန်ခဲ့တာကို ဒီကောင်က နည်းနည်းတောင် မမှုဘဲ ဒီအထိရောက်လာတယ်? တကယ်ကြီးလားဟ!!

"မင်းဘာသာ ရောက်လာတော့လည်း ကောင်းတာပေါ့! လာကြစမ်း!! ဒီကောင့်ကိုဖမ်းပြီး သူ့ရဲ့ခြေတွေလက်တွေကို ဖြတ်ထုတ်ပြီး အကျဥ်းထောင်ထဲ ပစ်ထည့်ထားလိုက်!"

ဒုကျောင်းအုပ်ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝေ့ချွမ်နှင့် အခြားလူများကို သူ့ရှေ့က လူငယ်လေးက သတ်ခြင်းလို့ မထင်မှတ်ဘဲ သူ့ဘာသာ လက်နက်ချရန် လာသည်ဟု ထင်လိုက်သည်။

သူသိထားတဲ့ အချက်အလက်တွေအရ လုရွှမ်ဟာ အတန်းနိမ့် ကျောင်းသားတစ်ယောက်သာ ဖြစ်လေသည်။ အခွင့်အရေးတစ်ခု ရလောက်အောင် ကံကောင်းသွားပေမယ့် ဝူအဆင့် သိုင်းပညာရှင်ရဲ့ ကြံ့ခိုင်မှု အပြည့်ရှိတဲ့ အခြေအနေကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

ဖိရွှယ်နယ်ပယ်မှာ ရှိတဲ့ ဝေ့ချွမ်ကို သူသတ်နိုင်တဲ့ အရည်အချင်း ဘယ်ကရှိမှာလဲ?

"ကောင်လေး....လိမ်လိမ်မာမာနဲ့ လှဲအိပ်လိုက်တော့"

"မင်းက ဘယ်လို အသက်ရှင်ရမယ် သေရမယ်မှန်းကို မသိဘဲ ဥပဒေအဖွဲ့ကို လာရဲတယ်ပေါ့လေ ဒါကမင်းဘဝမှာ မင်းလုပ်ဖူးသမျှ အဆိုးဆုံး ဆုံးဖြတ်ချက်ပဲကွ!"

ဥပဒေအဖွဲ့က အဖွဲ့ဝင်နှစ်ယောက် ဝန်းရံလာပြီး တစ်ချိန်တည်း တိုက်ခိုက်ကြတော့သည်။

ဟူ.....

လေသည် အမဲလိုက်နေ သကဲ့သို့ပင်။ သူတို့နှစ်ဦးသည် တန်းလိနယ်ပယ်ကမို့ တိုက်ကွက်က အမှန်တကယ် ပြင်းထန်နေပြီး တစ်ချိန်တည်းမှာပင် ထွက်လာရာ ပြင်းထန်သော လေသည် ပတ်ပတ်လည်ကို မှုတ်ထုတ်လိုက်ပြီး ပြင်းထန်သော ဖိနှိပ်မှုက လုရွှမ်ဆီသို့ ပြေးဝင်လာသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now