Chapter (87)
ဥပဒေအဖွဲ့ကိုဖြိုခွင်းခြင်းမော့ရှီးနဲ့ တုဖျင်တို့ဟာ အဆင့်မြင့် အတန်းက အောင်မြင်တဲ့ စီနီယာ ကျောင်းသားတွေ ဖြစ်ပြီး သူတို့အားလုံး သတ်ဖြတ်ခြင်းကို လုပ်ခဲ့ဖူးသည်။
သို့သော် ဘယ်နောက်ခံ ဘယ်နေရာကိုမှ ဂရုမစိုက်ဘဲ လူတစ်ယောက်ကို စိတ်ရှိသလို နင်းသတ်ပစ်လိုက်တာက သူတို့ကို ကြောက်စိတ်တချို့ ဝင်လာစေသည်။
အထူးသဖြင့် လူငယ်လေး၏ အမြင်တွင် ပုရွက်ဆိတ်ကို အသေနင်းမိခြင်းကဲ့သို့ ဘာမှမထူးခြားချေ။
အတန်းနိမ့် အကယ်ဒမီ တစ်ခုတွင် ထိုသို့သောသဘောထားနှင့် ဤမျှအေးစက်သော စိတ်ထားမျိုး အဘယ်ကြောင့် ရှိနေသည်ကို တွေးကြည့်ရန်မှာ ၎င်းတို့အတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဘယ်အရာက ကြောက်စရာ ကောင်းသော တည်ရှိမှုအား ခံစားစေနိုင်သည်ကို နားလည်သွားသည်။
ကြောက်စရာ ကောင်းလိုက်တာ!
"မင်းတို့အလှည့်ပဲ!"
ဝေ့ချွမ်ကို ခေါင်းဖြတ်သတ်ပြီးနောက် လုရွှမ်သည် အခုနက လေကြီးပြီး မာနကြီးနေသော လူသုံးယောက်ကို လှည့်ကြည့်လိုက်သည်။
"လုရွှမ်... ငါတို့အားလုံးက အတန်းဖော်တွေပဲလေ... ငါတို့အမှားပါတယ် နောက်ဆို မင်းကိုထပ်ပြီး ဒုက္ခမပေးတော့ဘူးလို့ ကတိပေးတယ်!"
မော့ရှီးရဲ့ ဖီးနစ်မျက်လုံးတွေ တောက်ပလာပြီး ဒူးထောက်လိုက်ကာ အလောတကြီး တောင်းဆိုလိုက်သည်။
"ငါတို့ရောပဲ....ငါတို့ ထပ်မလုပ်ရဲတော့ပါဘူး... ငါတို့ကိုလွှတ်ပေးပါ..."
တုဖျင်နှင့် ရှင့်မင်တို့သည် တစ်ချိန်တည်းတွင် ဒူးထောက်လိုက်ကြသည်။
"ငါတို့ ဒူးထောက်ပြီး အရှက်ခွဲခံပါ့မယ်... ငါတို့ကို အကြိမ်တစ်ရာမက အပြစ်ပေးရင်လည်း ခံယူပါ့မယ်..."
"မင်းကိုသတ်ရင် ရွှေစတစ်သန်း ဆုပေးရုံတင်မဟုတ်ဘဲ ဆရာဝေ့ချွမ်နဲ့ ဒုကျောင်းအုပ်ချန်ရဲ့ ချီးကျူးမှုကိုလည်း ရနိုင်မှာမလို့!"