Arc 2🗡19🗡နဂါးဆင်ရွှေလက်ဝါးဒုတိယအဆင့်

374 34 0
                                    

Chapter (19) Arc 2
နဂါးဆင်ရွှေလက်ဝါး ဒုတိယအဆင့် အသေးစားအောင်မြင်မှု

"ဒါက?"

"ဘာဖြစ်သွားတာလဲ?"

လူတိုင်း သူတို့ရှိနေတဲ့ နေရာမှာပဲ ဆွံ့အသွားကြသည်။

ချင်ဟွာရဲ့ အစွမ်းထက် လက်ဖဝါးကို လူတိုင်း မြင်လိုက်ကြသည်။ ဂိုဏ်းဆရာနယ်ပယ် အလယ်အလတ် အဆင့်ဖြစ်လို့ အတုတံဆိပ်နယ်ပယ်က လူတစ်ယောက်ဟာ သေချာပေါက် ရှောင်နိုင်မှသာ တော်ရာကျမည်။

သို့သော် တစ်ဖက်ကောင်လေးကတော့ မရှောင်တဲ့အပြင် ချင်ဟွာကိုပါ လွင့်သွားအောင် ရိုက်ထုတ်ပစ်လိုက်သည်။

တကယ်ကြီးလားဟ?

အထူးသဖြင့် ဟန်ရွှယ်၊ ဟွာ​ချောင်၊ ဝမ်ရန်နဲ့ တခြားသူတွေဟာ သူတို့ရဲ့ ဆံပင်တွေ ထောင်ပြီး အားလုံး ရူးသွပ်သွားကြသလို ဖြစ်သွားကြသည်။

တခြားလူများသည် လုရွှမ်၏ ခွန်အားကို မသိခဲ့ကြဘဲ သူသည် ဟွာ​ချောင်နှင့် အခြားသူများကို ကယ်တင်ခဲ့ကြောင်းသာ သိသော်လည်း ထိုလူငယ်နှင့် အတူ တိုက်ပွဲဝင်ခဲ့တဲ့ သူတို့ဟာ လူငယ်ရဲ့ ခွန်အားနှင့် အစွမ်းအစကို သိရှိထားခဲ့သည်။

ရွှေသံချပ် မီးဝံပုလွေကို အနိုင်ယူနိုင်ခဲ့တာက တိုက်ဆိုင်မှုများနှင့် ကံကောင်းမှုများ ရှိနေသည်ဟု ဆိုရပေမည်။ ထိုအရာများသာ မရှိလျှင် မည်သည့်ရလဒ် ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပါ။

တစ်နည်းအားဖြင့် ဆိုရသော် အရှေ့မှ လူငယ်သည် သူတို့ထက် သန်မာသော်လည်း သူသည် သန်မာလွန်းသည် မဟုတ်သော်လည်း အမှီလိုက်နိုင်စွမ်း ရှိသေးသည်။

ဒါပေမဲ့ သူတို့ရှေ့က မြင်ကွင်းကတော့ ဂိုဏ်းဆရာနယ်ပယ်ရဲ့ လက်ဝါးကို ပြန်ခုခံနိုင်ရုံတင်မကဘဲ လွင့်သွားအောင်ပါ ရိုက်ထုတ်နိုင်လေသည်။

မင်းဘယ်လိုများ လုပ်လိုက်တာလဲ။

ဘယ်နှစ်ရက်ရှိသေးလို့ သူ့အင်အားက ဒီအဆင့်အထိ ရောက်သွားတာလဲ?

လုရွှမ်က အရင်သေရမယ်လို့ တွေးထားတဲ့သူတွေကလည်း ဒီအချိန်မှာ ဘာဖြစ်သွားမှန်း မသိဘဲ ထိတ်လန့်သွားကြသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now