🗡62🗡ဝိညာဥ်ခုနှစ်မျိုးမှို

620 48 0
                                    

Chapter (62)
ဝိညာဥ်ခုနှစ်မျိုးမှို

အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် လက်မှုပညာရှင်အဖွဲ့ အစည်းတို့သည် အကွာအဝေးအားဖြင့် သိပ်မဝေးလှ။ ၎င်းတို့ နှစ်ခုစလုံးသည် ကျန်းဝူမြို့တော်ရှိ အစည်ကားဆုံး လမ်းပေါ်တွင် ရှိသည်။

ခန်းမထဲကို လှမ်းကြည့်လိုက်တော့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းထက်တောင် ပိုရှုပ်ပွနေတာကို တွေ့လိုက်ရသည်။ နေရာတိုင်း လိုလိုမှာ လူတွေ ရှိနေပြီး အသံတိုးတိုးနဲ့ တစ်ခုခုကို ဆွေးနွေးနေကြသည်။

"လူတွေကို ဝယ်ဖို့ ဆွဲဆောင် အားကောင်းတဲ့ လက်နက်အချို့ကို သန့်စင်ထားတာ ထားတာလား?"

လုရွှမ်သည် သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

လက်မှုပညာရှင် အဖွဲ့အစည်းသည် အစွမ်းထက်သော မှော်လက်နက်များကို သန့်စင်ပေးနိုင်သော လက်မှုပညာရှင် အများအပြားကို စုဆောင်းထားသည်။ မှော်လက်နက် အသစ်များကို သန့်စင်သောအခါတွင် ၎င်းတို့ကို ဝယ်ယူရန် အားကောင်းသော လူများစွာကို ဆွဲဆောင်လေ့ရှိသည်။

ကျင့်ကြံမှုများကဲ့သို့ မှော်ရတနာများကို သာမန်၊ ဝိညာဉ်၊ ဘုရင်၊ သူတော်စင်နှင့် နတ်ဘုရားဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားပြီး ၎င်းတို့ကို အဆင့်နိမ့်၊ အလယ်တန်း၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

ကျန်းဝူအင်ပါယာ၏ အခြေအနေများ အရ သာမန်အဆင့်ထက် အနည်းငယ် ပိုလျှင်ပင် မဆိုးလှချေ။

"တကယ်လို့ မင်းအောင်မြင်နိုင်ရင် မင်းရဲ့ခွန်အားက ခုန်ပျံကျော်လွှားလာမှာ သေချာတယ်!"

"ဟုတ်တယ်! ဒီအခွင့်အရေးကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး.... အဲဒါကို လွတ်သွားတာနဲ့ အခွင့်အရေးကို ရှာရခက်သွားလိမ့်မယ်"

"လူတိုင်း အတူတူရှိနေရင် သိပ်အန္တရာယ် မဖြစ်လောက်ပါဘူး!"

"အဲ့လိုပဲ မျှော်လင့်ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ တည်နေရာ အတိအကျကို ငါမသိဘူး!"

"တည်နေရာ အတိအကျကို မသိတာ ကံကောင်းတာပေါ့ မဟုတ်ရင် ငါတို့အလှည့်ရောက်မယ်လို့ မင်းထင်လား"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now