Chapter (63)
ဝမ့်ဖုန်းချိုင့်ဝှမ်း"ဒါက ရိုးရှင်းပါတယ်! ဝိညာဉ်ခုနှစ်မျိးမှိုကို ငါတို့သွားရှာတဲ့အခါ အန္တရာယ်ရှိတာ လူတိုင်းသိပါတယ်...ငါတို့နဲ့ပူးပေါင်းချင်ရင် မင်းတို့မှာ ဝူအဆင့်၃ တန်းလိနယ်ပယ် တစ်ယောက်ရဲ့ အစွမ်းသတ္တိ အနည်းဆုံး ရှိရမယ်... မဟုတ်ရင် အဲဒါကလိုက်လာလည်း ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ" ဟု လူငယ်က ပြောသည်။
"ဝူအဆင့်၃....?"
လုရွှမ်အတွက် ဝူအဆင့်၃ဆိုတာက လွယ်ကူပေမယ့် လက်တွေ့မှာတော့ မရိုးရှင်းပေ။ မနည်းသော ကျင့်ကြံရေး သမားများသည် ဝူအဆင့်၂တွင် တစ်သက်လုံး ပိတ်မိနေပြီး မဖြတ်ကျော်နိုင်ပေ။
နောက်ဆုံးတွင် ခွန်အား တိုးလာခြင်းအတွက် ရတနာများစွာ၊ အဖိုးတန်ဆေးလုံအချို့ လိုအပ်ပြီး အရည်အချင်းများနှင့် ရွှေစတွေမရှိရင်လည်း ဝယ်ယူရရှိရန် မဖြစ်နိုင်ပေ။
ဤတောင်းဆိုချက်ကို ကြားတော့ လူဆယ်ဦးတွင် ကိုးဦးသည် ခေါင်းယမ်းကာ ထွက်ခွာသွားခဲ့ပြီး လုရွှမ် အပါအဝင် လူငါးဦးသာ ကျန်ရစ်ခဲ့သည်။
"ကျွန်တော်က လျိုထောင်းပါ...တန်းလိ နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ လူတိုင်းက ကျွန်တော်နဲ့ တိုက်ခိုက်ကြည့်သင့်တယ်လို့ မထင်ပါဘူး!"
၁၇နှစ် သို့မဟုတ် ၁၈နှစ်အရွယ် လူငယ်တစ်ဦးသည် မည်မျှကျန်နေသေးသည်ကို ကြည့်ရန် ရှေ့သို့ တိုးလာကာ လုရွှမ်နှင့် အခြားသူတို့ကို ဂုဏ်ယူစွာကြည့်၍ ဆိုလိုက်သည်။
"မဟုတ်ရင် လှုပ်ရှားဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး... ဒါပေမယ့် လက်သီးနဲ့ ခြေထောက်တွေက မျက်စိ မရှိဘူး...တိုက်ခိုက်မိလို့ ဒဏ်ရာရရင် ကြည့်ကောင်းမှာတော့ မဟုတ်ဘူးနော်!"
"တန်လိနယ်ပယ်ရဲ့ အထွတ်အထိပ်လား? ငါရောပဲ ငါတကယ် လှုပ်ရှားချင်ရင် ဘယ်သူက အသတ်ခံရမယ် ဘယ်သူက ဒဏ်ရာရမယ် ဆိုတာ မသိနိုင်ဘူး"
ဒီလူရဲ့စကားကြားတော့ နောက်ထပ်လူငယ်တစ်ယောက် ပေါ်လာပြီး မျက်လုံးတွေက တောက်ပနေသည်။
"တန်းလိနယ်ပယ် အထွတ်အထိပ် နှစ်ယောက်?"
"ကြည့်ရတာ ငါတို့တော့ မျှော်လင့်ချက် ကင်းမဲ့ကုန်ပြီထင်တယ်..."