🗡3🗡ပြီးပြည့်စုံသောအဖြေ

1.2K 127 1
                                    

Chapter (3)
ပြီးပြည့်စုံသောအဖြေ

ဆုလာဘ်တံတိုင်းသည် စီမံခန့်ခွဲမှုရုံးနှင့် မနီးမဝေးတွင်ရှိပြီး ၎င်းပေါ်တွင် သလင်းကျောက်များကို ချိတ်ဆွဲထားသည်။ တစ်ယောက်ပြီး တစ်ယောက် မဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဠိတွေက အဆက်မပြက် လင်းလတ်နေသည်။

အရင်က ကံစမ်းဖို့လာတဲ့ သူတွေလည်း အများကြီးရှိပေသည်။ အဆင့်မြင့်သူတွေနဲ့ မင်းမျိုးမင်းနွယ်တွေကိုတောင် တစ်ခါတလေ အခက်အခဲ ဖြစ်စေနိုင်တဲ့ ကိစ္စပဲဟု ဆိုကြသေးသည်။

သူတို့ ဘာမှမတတ်နိုင်ချေ။ ဒီအတိုင်း ပျော်ရွှင်ဖို့အတွက်သာ ရောက်လာကြတာများ၏။

"လူကြီးမင်း ဒါကရှင့်အတွက် ဖန်းမြို့ရဲ့ အထောက်အထား တံဆိပ်ပြားပါ.... တကယ်လို့ ပဟေဠိကို ဖြေနိုင်ရင် ဆုငွေပမာဏက အလိုအလျောက် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဒီတံဆိပ်ပြားမှာ အမည်မတပ်ထားပါဘူး လူကြီးမင်း တိုက်ရိုက် အသုံးပြုနိုင်ပါတယ် "

ဆုလာဘ်တံတိုင်းဆီသို့ ရောက်သော် စုန့်ယွဲ့သည် ကျောက်စိမ်းတံဆိပ်တစ်ခု ပေးလာ၏။ ကျောက်စိမ်းတံဆိပ်ပြားက မကြီးပေ။ ၎င်းက ကတ်တစ်ခုလိုသာ။ အပေါ်တွင် အထူးဖွဲ့စည်းပုံ အသွင်အပြင်တစ်ခုကို ရေးဆွဲထားပြီး ကုဒ်အမှတ်အသား တစ်ခုဖြင့် မှတ်သားထားသည်။

အကယ်၍ ပျောက်ဆုံးသွားခဲ့ရင် ကုဒ်အမှတ်အသားကို ပြောလိုက်တာနဲ့ ပြန်လည်ရရှိနိုင်မှာ ဖြစ်သည်။

"တစ်ယောက်ယောက်က ပဟေဠိကို လာဖြေတယ်? !"

"ဒီလူပုံစံက ထူးဆန်းတယ်... သိပ်လူသိခံချင်ပုံ မပေါ်ဘူး"

"ဟုတ်တယ် ငါလည်း မတွေ့ဖူးဘူး... ငါတို့လိုပဲ ဒီကိုလာပြီး ကံစမ်းကြည့်တာဖြစ်မယ်"

"ငါက ကံကောင်းအောင် ကံလာစမ်းရုံတင် မဟုတ်ဘူး ပဟေဠိကို ဖြေရှင်းပေးနိုင်တဲ့ သူနဲ့တွေ့နိုင်တဲ့အခါ သိကျွမ်းခွင့်ရဖို့ ဒီမှာစောင့်နေတာ"

စုန့်ယွဲ့​သည် လူငယ်တစ်ဦးနှင့်အတူ လျှောက်လာတာကို မြင်လိုက်ရတော့ ထိုနေရာ၌ လှည့်လည်သွားလာနေသော လူများအားလုံး ရပ်တန့်သွားကာ စူးစူးစိုက်စိုက်များဖြင့် ကြည့်နေကြလေ၏။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now