🗡104🗡အဂ္ဂိရတ်မီးဖို

488 47 0
                                    

Chapter (104)
အဂ္ဂိရတ်မီးဖို

လူငယ်လေးက သူမကို ချီးကျူးတာကို မြင်ရတော့ မင်းသမီးလော့ရုံသည် အကြောင်းပြချက် တစ်ခုခုမရှိဘဲ ဝမ်းသာသွားသည်။

တခြားတစ်ယောက်ယောက်က ဒီလိုပြောရင် ချော့မော့တာ ဒါမှမဟုတ် ရွံစရာကောင်းတာ တွေးမိလိမ့်မည်။ ဒါပေမယ့် သူ့ရှေ့က လူငယ်က အကြောင်းတစ်ခုခုကြောင့် သူ့ကို စက်ဆုပ်တယ်လို့ မခံစားရချေ။

"ဒီမှာ တိတ်ဆိတ်တဲ့ အခန်းရှိလား? ငါ ငှားချင်လို့...."

မင်းသမီးလော့ရုံနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောပြီးနောက် လုရွှမ်သည် ကောင်တာ စားပွဲဖက်ကို ကြည့်လိုက်သည်။

လက်မှုသန့်စင်ခြင်းသည် အဂ္ဂိရတ်ထိုးခြင်းထက် ပိုမိုရှုပ်ထွေးပြီး အရန်ပစ္စည်းများလည်း ပိုမိုလိုအပ်သည်။ အပြင်မှ လာငှားရမ်းသော အခန်းများရှိကာ အပိုပစ္စည်များလည်း ရှိသည်။

"တိတ်ဆိတ်တဲ့ အခန်း?? လက်နက်တွေ သန့်စင်မလို့လား?"

မင်းသမီးလော့ရုံသည် ထူးဆန်းသလို ပြန်ကြည့်နေ၏။

ယေဘူယျအားဖြင့် လက်နက် သန့်စင်သူများသည် ၎င်းတို့၏ လက်နက် သန့်စင်ခြင်း စွမ်းရည်ကို မြှင့်တင်ရန် တိတ်ဆိတ်သော အခန်းကို ငှားကြသည်။

သူသည် အဂ္ဂိရတ်ပညာရှင် မဟုတ်ပါလား?

"စိတ်ဝင်စားလို့....တစ်ခါလောက် စမ်းကြည့်ချင်လာလို့"

လုရွှမ် ရယ်ရင်း ပြောလိုက်သည်။

"စမ်းကြည့်ချင်တာ?" မင်းသမီးလော့ရုံ၏ လေသံမှာ သူ့အပေါ် အနည်းငယ် အံ့အားသင့်နေပုံပင်။

"လက်နက်ပစ္စည်း သန့်စင်တာက လွယ်တာမဟုတ်ဘူး.... အဆင့်၃ဆင့် လိုတယ်...ပထမအချက်က သန့်စင်ခြင်းနှင့် ပေါင်းစည်းခြင်း။ မှော်လက်နက် သန္ဓေသားလောင်း ဖြစ်လာဖို့ လက်နက်ပစ္စည်းတွေ တစ်ခုနဲတစ်ခု မတူလို့ ပေါင်းစပ်ဖို့ မလွယ်ဘူး.... ဒုတိယက ပုံသွင်းတာ... လက်နက်သန္ဓေသားလောင်းကို ပုံသွင်းနိုင်ဖို့ သန်မာတဲ့ ထိန်းချုပ်နိုင်စွမ်း ရှိမှရမှာ...တတိယက ပိုတောင်ခက်​သေးတယ် လက်နက်ရဲ့ ပုံစံကို ပုံဖော်နိုင်ဖို့ အဆင့်မြင့်တဲ့ နည်းလမ်းတစ်ခု ရှိရမယ် ရှင်တစ်ခါမှ မလေ့လားဖူးသေးရင် ဆရာတစ်ယောက်ခေါ်ပြီး လေ့လာသင့်တယ်... မဟုတ်ရင် မအောင်မြင်တဲ့အပြင် ပစ္စည်းတွေကိုပါ ဖြုန်းတီးမိပြီး အလွယ်တကူ ကျရှုံးသွားမှာ"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now