🗡121🗡ယန်ယီးနဲ့တိုက်ခိုက်ခြင်း

382 32 0
                                    

Chapter (121)
ယန်ယီးနဲ့တိုက်ခိုက်ခြင်း

"ဒါက ယွမ်ယန်သွေးကြောလား?"

ယွမ်ယန်ကျင့်စဥ်၏ ပထမအဆင့်ကို ပြီးမြောက်ခဲ့ပြီးနောက် ၎င်းသည် စစ်မှန်သော ဝိညာဥ်ချီ၏ စွမ်းအားကို တိုးမြင့်စေရုံသာမက စိတ်ကိုလည်း တုန်လှုပ်စေသည့် အတွေးတစ်ခု ပေါ်လာသည်။

ယွမ်ယန်ကျင့်စဥ်၏ ရုတ်တရက် ပြောင်းလဲသွားသော အသွင်အပြင်နှင့် ယခုတစ်ကြိမ်သည် သွေးကြော မြေပုံတစ်ခုဖြစ်သည်။

ကျီးမည်းပြောသည့် အတိုင်း ဝိညာဥ်သွေးကြော တစ်ခုသာရှိသော်လည်း ၎င်းသည် စုစုပေါင်းအပ်စိုက် အမှတ်၃၆ ခုနှင့် ချိတ်ဆက်ထားသည်။

"ဒါက အရမ်းကောင်းတဲ့ ချိတ်ဆက်မှုတစ်ခုပဲ... ဒီနေရာက တကယ်ပဲ လေဟာနယ်တစ်ခု ဖြစ်သွားနိုင်တယ်... ပြီးတော့ ဒီနေရာကနေ စစ်မှန်တဲ့ စွမ်းအင်တွေ ဖြတ်သန်းသွားနိုင်တယ်... ကိုယ့်မျက်စိနဲ့ မမြင်ရရင် ဘယ်တော့မှ စိတ်ကူးယဉ်မိမှာ မဟုတ်ဘူး... ."

တစ်ချက် ကြည့်လိုက်ပြီးနောက် လုရွှမ်၏ စိတ်ဝိညာဉ်သည် ရူးသွပ်သလို ရွှင်လန်းသွားသည်။

အရင်က သူသည် နှစ်သတ်တာတွင် လူသားတစ်ဦးအဖြစ် အမြဲထင်မှတ်ခဲ့ပြီး ဂိုဏ်းကြီးခြောက်ခု၏ စာအုပ်များအားလုံးကို ဖတ်ရှုခဲ့သည့်အတွက် သွေးကြောများအကြောင်း ကျယ်ပြန့်စွာ အသိပညာရှိသော ကောင်းကင်လူသား တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုမူ ဤသွေးကြောမြေပုံကို မြင်လိုက်ရပြီး ရေတွင်းအောက်ခြေက ဖားဆိုတာ ဘာလဲ သူသိလိုက်သည်။

သူတီထွင်ထားတဲ့ သွေးကြော​မြေပုံ အနည်းငယ်နဲ့ နှိုင်းယှဥ်လိုက်ရင် သူတို့က အမှိုက်တွေချည်းပဲ။

အရင်က အမှတ်၃၆ခုကို ဖြတ်သွားရန် သူဖွင့်ချင်ခဲ့သော ဝိညာဥ်သွေးကြော ၄ခုသည် စစ်မှန်တဲ့ ဝိညာဥ်ချီများ ပါဝင်ပြီး ၎င်းသွေးကြော တစ်ခုစီတွင် ဝိညာဥ်ချီများ ဖြတ်သန်းထိုးဖောက်ရန် အနည်းဆုံး အသက်ရှူချိန် ၁၀ကြိမ် လိုအပ်သည်။

သူ့ရှေ့က သွေးကြောတစ်ခုတည်းမှာ အမှတ်၃၆ခုကို ဝိညာဥ်စွမ်းအင် တစ်ကြိမ် ဖြတ်သန်းသွားဖို့ အသက်ရှူချိန် ၂ကြိမ်သာ လိုအပ်ပြီး အလေ့အကျင့် ရှိလာတာနဲ့အမျှ အရှိန်ကလည်း မြန်လာလိမ့်မည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Donde viven las historias. Descúbrelo ahora