🗡107🗡မင်းငါ့ကိုနောက်တကြိမ်အကြွေးတင်သွားပြီ

452 38 0
                                    

Chapter (107)
မင်းငါ့ကို နောက်တစ်ကြိမ်အကြွေးတင်သွားပြီ

သူ၏ လက်ရှိအင်အားသည် ဤဝေ့ချန်ကို မကြောက်တော့သော်လည်း လုရွှမ်သည် ပြဿနာ မရှာလိုသောကြောင့် သူလှည့်ကြည့်တာကို လန်ရော့ရှင်းနှင့် ဝေ့ချန်တို့သည် ခဏတာမျှ သတိမထားမိခဲ့ကြပေ။

"ဟမ့်! ငါအခုမှသိသွားပြီ လုရွှမ်လို့​ခေါ်တဲ့ အဲဒီ​ကောင်​က ငါတို့အားလုံးကို လှည့်​စားသွားတာပဲ...  ဝိညာဉ်​ခုနစ်​မျိုးမှိုက သေချာပေါက် သူ့လက်​ထဲမှာပဲ ရှိရမယ်​...ရော့ရှင်း မင်းသာ ဒီအရာ​တွေကို ရနိုင်​ရင်​ မင်းရဲ့ကျင့်ကြံမှုက ဒီထက်​​ သေချာ​ပေါက်​​ တိုးတက်သွားနိုင်​တယ်​...နန်းတော်ပင်လယ် ပြီးပြည့်စုံခြင်းအဆင့်ကို တစ်လအတွင်း ပြီးမြောက်အောင် လုပ်နိုင်မှာပဲ"

အစားအသောက်နဲ့ ဝိုင်တွေ မှာပြီးတဲ့အခါ ဝေ့ချန်က ဟစ်အော်လိုက်သည်။

ဝမ့်ဖုန်းချိုင့်ဝှမ်းက ကိစ္စမှာ မရှုပ်ထွေးပါ။ ထိုအချိန်တွင် လှည့်စားခံခဲ့ရပြီး အချိန်အတော်ကြာပြီးနောက် အမိုက်မဲဆုံးလူက ကောင်းကင်ဘုံ၏ မာနကြီးသူ ဝေ့ချန်ပင် ဖြစ်နေတော့သည်။

သေချာစဉ်းစားပြီးမှ လုရွှမ်လို့ခေါ်တဲ့ လူက လှည့်စားခဲ့တာ ဖြစ်မယ်ဆိုတာ သူသိသွားခဲ့သည်။ အရင် အဖြစ်အပျက်တွေနဲ့ ပေါင်းပြီး အမြတ်ထုတ်တဲ့လူ မဟုတ်ရင်တောင် သူ့မှာ လှည့်စားထားတာတွေ အများကြီးရှိရမယ်။

"သခင်လေးဝေ့....ကျွန်တော် လုရွှမ်အကြောင်းကို စုံစမ်းခဲ့တယ်... သူက အတန်းနိမ့်ကျောင်းသား ဆိုပေမယ့် သူ့ရဲ့ ခွန်အားက မနည်းဘူး.... ဥပဒေအဖွဲ့က ချိုဝမ့်ထျန်းတောင် အရိုက်ခံရတယ်လို့ ကြားတယ်"

လက်အောက်ငယ်သား တစ်ယောက်က ဆို၏။

"ချိုဝမ့်ထျန်း ဆိုတာ ဘာလဲ.... သူက သခင်လေးဝေ့နဲ့ ယှဉ်လို့ရမလား?" လက်အောက်ငယ်သား နောက်တစ်ယောက်က ဝင်ပြော၏။ ၎င်းကဆက်၍

"အဲဒီကလေးက တစ်ချိန်လုံး ပုန်းမနေဘူးဆိုရင် သခင်လေးဝေ့က သူ့ကိုရှာတွေ့မှာပဲ... ဘယ်သူက ဘယ်သူ့ကို စော်ကားနိုင်လဲဆိုတာ သေချာပေါက် ပြောမရဘူး!"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now