🗡81🗡ဝမ့်ဖုန်းချိုင့်ဝှမ်းမှထွက်ခွာခြင်း

515 45 0
                                    

Chapter (81)
ဝမ့်ဖုန်းချိုင့်ဝှမ်းမှထွက်ခွာခြင်း

အဂ္ဂိရတ်ပညာရှင်၏ ဝိညာဉ်စွမ်းအား အဆင့်တွင် ၀.၃သည် ပထမအဆင့် အဂ္ဂိရတ်ပညာရှင်၊ ၀.၄သည် ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး ၀.၆ သည် စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်သည်။

ကိန်းဂဏာန်းများ အနည်းငယ် ပြောင်းလဲသွားပုံရသော်လည်း လက်တွေ့တွင် အောင်မြင်ရန် အလွန်ခက်ခဲပါသည်။

ကျန်းဝူအင်ပါယာ တစ်ခုလုံးတွင် စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် ဖန်းရှစ်ပိုင်ရှင် ယွမ်ဟုန် တစ်ဦးတည်းသာ ရှိသည်ကို တွေ့မြင်နိုင်၏။

လုရွှမ်သည် လက်ရှိတွင် ဝိညာဉ်စွမ်းအား ၀.၄ရှိပြီး အခွင့်အလမ်းမရှိဘဲ အချိန်တိုအတွင်း ၀.၆သို့ တက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

"စိတ်ဝိညာဉ်စွမ်းအားကို အချိန်တိုအတွင်း ၀.၆ တိုးချင်ရင် ဝိညာဉ်စွမ်းအား အမှတ်ကိုဖွင့်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်!"

လုရွှမ်၏မျက်လုံးများ မှိတ်၍ သူ့စိတ်ထဲမှ

"ဒါပေမဲ့ ဝိညာဥ်စွမ်းအင်အမှတ်ကို ဖွင့်ဖို့ လုံလောက်တဲ့ ဝိညာဥ်စွမ်းအား ရှိဖို့လိုတယ်...ဒီခန္ဓာကိုယ်က ကွဲလွဲနေသေးတယ်"

ဝိညာဥ်စွမ်းအား အမှတ်ကို ဖွင့်လိုက်တာနဲ့ အချိန်တိုအတွင်းမှာ ဝိညာဉ်စွမ်းအားကို ခုန်ပျံကျော်လွှားနိုင်စေပေမယ့် ဒီအမှတ်ကို ဖွင့်ချင်ရင်တော့ သင့်မှာ ဝိညာဉ်စွမ်းအားကို အရင်ရှိထားသင့်သည်။

အသက်ရှိတဲ့ ကြက်ဥရှိမှ ကြက်တစ်ကောင် ပေါက်လာနိုင်သလိုပင်။

"ငါ့ရဲ့ဝိညာဉ်စွမ်းအားကို ဖြည်းဖြည်းချင်း မစွမ်းဆောင်ဘူးဆိုရင်တောင် ငါကောင်းကောင်း လေ့ကျင့်နေသရွေ့ တစ်နှစ်ပြီးရင် ၀.၆ကို ရောက်နိုင်တယ်!"

ဝိညာဉ်စွမ်းအားများ တိုးတက်စေရန် ဖြတ်လမ်းမရှိပါ။ ယခင်က အသုံးပြုခဲ့သော ကိုးမှတ် ဝိညာဥ်နည်းလမ်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အသုံးပြုပါက မဆိုးချေ။ ၎င်းကို အလွန်အကျွံသုံးပါက သူကိုယ်တိုင်ပင် ခံနိုင်မည်မဟုတ်တော့။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now