Arc 2🗡44🗡အကုန်သေသွားပြီ

361 33 0
                                    

Chapter (44) Arc 2
အကုန်သေသွားပြီ

"ဒီကောင် မတုံးဘူးပဲ!"

မြူခိုးတွေရဲ့ အလယ်တစ်နေရာမှာတော့ လုရွှမ်ဟာ တစ်ဖက်လူရဲ့ အသွင်အပြင်ကို မြင်ပြီး အနည်းငယ် ပြုံးလိုက်၏။

ရထားလုံးပေါ် ရောက်တာနဲ့ ပြဿနာကို သူမြင်ပြီးသား ဖြစ်သည်။

ရထားထိန်း၏ ကြာပွတ်ကို တစ်ချက်လွှဲလိုက်တိုင်း ဝိညာဥ်စွမ်းအင်များ မျဉ်းဖြောင့်အတိုင်း ဆင်းသက်သည်​လေ။ သတိမူခြင်းသည် အလွန်တိကျသောကြောင့် ဤလူသည် ထုံးရွှမ်နယ်ပယ်ထက် သန်မာသူတစ်ဦးဖြစ်ကြောင်း ပြသခဲ့သည်။

ထုံးရွှမ်နယ်ပယ်မှာ ရှိတဲ့ လူတစ်ယောက်က ဝူယန်အင်ပါယာမှာ ရှိနေရင်တောင်မှ အရည်အချင်း ရှိသူဟု ယူဆလို့ရသည်။ သူဟာ နေ့စဉ် ရွှေစ ရာချီပဲရတဲ့ ရထားထိန်း အလုပ်ကို လုပ်နေပါ့မလား။

ဒီလူမှာ တစ်ခုခုမှားနေပြီဆိုတာ မြင်လိုက်ရတော့ လုရွှမ် မျက်နှာထွက်မပြခြင်း ဖြစ်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက အရမ်းတိုးတက်လာပြီး သူ့အသက်ကို ကယ်တင်ဖို့ လျှိုဝှက်ကတ် အလုံအလောက်လည်း ရှိတော့ ဘယ်သူကများ လှုပ်ရှားချင်နေတာလဲ တွေ့ချင်မိလာ၏။

ဓားအလင်းနှင့် လူသုံးယောက် ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ခိုက်ကတည်းက ချင်မိသားစု၏ လုပ်ဆောင်မှု ဖြစ်ရမည်ကို သူသိထားပြီး ဖြစ်သည်။

ထို့နောက်တွင် သူက ပြိုင်ဘက်ကို ရှုပ်ထွေးစေရန် ပုံရိပ်ယောင်အခင်းအကျင်း ပုံစံကို ထုတ်လွှတ်ပေးခဲ့သည်။ သတ်ဖြတ်ခြင်း အခင်းအကျင်းနှင့် ပတ်သက်၍ ပြောရလျှင် ၎င်းသည် နောက်ဆုံးဖော်ပြခဲ့သော အဆင့်၈ အခင်းအကျင်း ဖြစ်သည်။

၎င်းကို မူလက စိတ်ဝိညာဉ်စွမ်းအားကို တိုးမြှင့်ရန်အတွက် အသုံးပြုခဲ့သော်လည်း မမျှော်လင့်ဘဲ အရေးကြီးသော အခိုက်အတန့်တွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ဒဏ်ရာအပြင်းအထန် ရသွားသော နှောင်းပိုင်းအဆင့် လူ၂ယောက်သည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဆုံးရှုံးသွားခဲ့သည်။

ပုံရိပ်ယောင် အခင်းအကျင်းကို သတ်ဖြတ်ခြင်း အခင်းအကျင်း ထပ်ပေါင်းထည့်လိုက်တဲ့အခါ ပြိုင်ဘက်သည် အခင်းအကျင်းကို မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို မသိပါက ရှုံးနိုင်ချေများသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now