🗡123🗡ကျန်းဝူအကြီးအကဲ ၃ဦး (ပထမပိုင်း)

387 31 0
                                    

Chapter (123)
ကျန်းဝူအကြီးအကဲ သုံးဦး (ပထမပိုင်း)

"ဖိရွှယ်နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်က ယန်ယီးကို လွယ်လွယ်ကူကူပဲ အနိုင်ယူသွားတယ်... ဆိုတော့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင် စုဆောင်းမှုက အားကောင်းပြီး အနည်းဆုံး တတိယအဆင့် နန်းတော်ပင်လယ် ပွင့်သွားပြီပေါ့.. ကြွက်သားတွေကို ကောင်းမွန်စွာ ပေါင်းစပ်ထားပြီး ခွန်အားကလည်း ၅၀၀ ထက် ကျော်လွန်နေတယ်...  ဆိုလိုတာက သူအနည်းဆုံး ကွင်းခုနစ်ကွင်းစုဆောင်းထားပြီး နတ်စွမ်းအင် အမှတ်ကို ဖွင့်ထားနိုင်တာ ဖြစ်မယ်....ယန်ယီးရဲ့ လှံရှည်ကို အလွယ်တကူ ဖမ်းထားနိုင်ပြီး သူရဲ့ တိုက်ခိုက်ရေး သတိနှင့် တုံ့ပြန်မှု အရှိန်က အလွန်ကောင်းမွန်တယ် ဆိုတော့ သူဝိညာဥ်သတိအမှတ်ကို ဖွင့်လိုက်နိုင်တာ ဖြစ်နိုင်တယ်....အနာဂတ်မှာ အလားအလာက အဆုံးမရှိပဲ အလားအလာ အဆုံးမရှိပဲ!"

လုရွှမ်နှင့် ယန်ယီးတို့ရဲ့ တိုက်ပွဲဖြစ်စဉ်ကို မြင်တော့ ဆရာဟူယွင်က ခေါင်းညိတ်ပြီး ရွေးချယ်ထားတဲ့ ကိုးဦးကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ကို ထုတ်ကာ အပေါ်ထပ်မှာ လုရွှမ်ရဲ့ နာမည်ကို ရေးထည့်လိုက်ပါ၏။

"လူကြီးမင်း....ကျောင်းအုပ်ကြီးက ခဏထွက်သွားပါတယ်....ကိစ္စရှိရင် ကျွန်တော့်ကို မှာကြားလို့ရပါတယ်"

ညွှန်ကြားရေးမှူး ကျိတောက်မင်သည် ရောက်လာပြီး သူ့နောက်တွင် ရပ်လိုက်သည်။

"လုရွှမ်ရဲ့ အချက်အလက်တွေ ငါ့ကို ပေးပါ!"

ဆရာဟူယွင်က အမိန့်ပေးလိုက်သည်။

"ဟုတ်!"

ကျိတောက်မင် လှည့်ထွက်သွားပြီး မကြာခင်မှာပဲ လုရွှမ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်း တစ်ခုကို ယူလာခဲ့သည်။

"တတိယအဆင့် အဂ္ဂိရတ်ဆရာလား? မင်းပြောချင်တာ... ဒီလုရွှမ်က တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်နေတာလား?"

တစ်ချက်ကြည့်လိုက်ပြီး နောက်တွင် ဆရာကြီးဟူယွင်၏ မျက်လုံးများသည် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now