🗡6🗡ဥပဒေအဖွဲ့

1K 84 0
                                    

Chapter (6)
ဥပဒေအဖွဲ့

ကျန်းဝူ ဖန်းမြို့မှာ ကြက်လိုပျံပြီး ခွေးလိုပြေးနေတဲ့ သတင်းတွေကို လုရွှမ်တစ်ယောက် ဘာမှမသိဘဲ သူသည် ကျောင်းတော်ထဲကို ပြန်ရောက်နေပြီ ဖြစ်သည်။

ကျောင်းတော်ထဲ ဝင်ပြီးနောက် လုရွှမ်သည် အိပ်ဆောင်သို့ မပြန်ဘဲ ကျောင်းတော်ရဲ့ နောက်ဘက် တောကြီးမျက်မည်းသို့ ရောက်အောင်သွားပြီး ဆိတ်ငြိမ်သောနေရာကို ရှာကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

"ကြွက်သားနဲ့ အရိုးတွေ ဒဏ်ရာရထားပြီး ကျင့်ကြံမှုကလည်း မကောင်းဘူး... အမာရွတ်တွေကလည်း အထပ်ထပ်နဲ့ ... ကောင်းကောင်းသာ ပြန်မလေ့ကျင့်ရင် မသန်မစွမ်းဖြစ်ပြီး အရိုးတွေက နည်းနည်း​တောင် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး...."

မျက်မှောင်ကြုတ်ကာ သူ့ကိုယ်ပေါ်ရှိ ပြဿနာအားလုံးကို ပြောနေမိသည်။ အရင်ဘဝမှာဆို သူသည် မယုံနိုင်လောက်အောင် မြင့်မားသော အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့၏။

သူ့မျက်လုံးထဲမှာ ဒီခန္ဓာကိုယ်က အကုန်လုံး ပြဿနာတွေချည်းသာ။ ဒီပြဿနာတွေကိုသာ မဖြေရှင်းထားရင် နောက်ပိုင်း ကျင့်ကြံမှုတိုးတက်ဖို့က ကောင်းကင်ကို တက်ရတာထက်ပင် ခက်ခဲလောက်သည်။

လိုအပ်တဲ့ ဆေးပင်တွေကို ပမာဏအလိုက် စုစည်းပြီး ဗိုက်ထဲ မျိုချလိုက်သောအခါ အပူများ ထိုးတက်လာသည်။ တံတွေးထွေးချင်စိတ်ကို သည်းခံရင်း ပိုင်ရွှယ်ဟွေ့ ကောင်းကင်မြေပုံထဲက အတိုင်း အပူစီးဆင်း အားလုံးကို ပျက်စီးနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဆီကို ပျံ့နှံ့သွားစေလိုက်သည်။

တစ်ညတာ ကုန်လွန်သွားပြီးနောက် လုရွှမ်သည် သက်ပြင်းတစ်ချက်ကို ရှုရှိုက်လိုက်ပြီး ရွှင်လန်းမှု အလင်းတန်းများက သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသည်။

ဆေးပင်များကို ရွှေစပေါင်း သောင်းနှင့်ချီ၍ ဝယ်ယူခဲ့ရသော်လည်း တစ်ညအတွင်း အားလုံး ပြောင်သွားခဲ့ပြီ။ သို့သော် ခန္ဓာကိုယ်မှ ဖုံးကွယ်ထားသော အတွင်းဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွားသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now