🗡48🗡ချိုဝမ့်ထျန်းကိုရိုက်ခြင်း

628 59 0
                                    

Chapter (48)
ချိုဝမ့်ထျန်းကို ရိုက်ခြင်း

သင်းထောက် ချောင်မင်ကို ဆူးယာ တစ်ကြိမ်တွေ့ဖူးသည်။ သူသည် အရေပြားနှင့် အရိုးနယ်ပယ်တွင် ပြီးပြည့်စုံသော သန်မာသူဖြစ်ပြီး သူမ၏ ကျင့်ကြံထားမှုနှင့် နှိုင်းယှဥ်ရင် ၁၀ပုံ၁ပုံပင် မယှဥ်နိုင်ပေ။

အဲဒီသန်မာတဲ့လူက ဒီလုရွှမ်ဆီမှာ ဒဏ်ရာရခဲ့တာလား?

ဘာတွေ လာနောက်နေတာလဲ?

ဤလူသည် မူလအမှတ်၏ နှောင်းပိုင်းအဆင့်တွင်သာ မဟုတ်ပါလား အရေပြားနှင့်အရိုး နယ်ပယ်တွင်ရှိသော သင်းထောက်ချောင်မင်ကို ဘယ်လိုလုပ် ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ? တစ်ခုခုမှားသွားတာ ဖြစ်ရမယ်

"အဲဒီဈေးပေါတဲ့ မိန်းမ လုပ်လိုက်တာပဲ ဖြစ်မယ်..."

ရုတ်တရက် အတွေးထဲကို ပုံရိပ်တစ်ခု ပေါ်လာသည်။

မင်းသမီးလော့ရုံ

အဲဒီနေ့က သူမကို အရှက်ရအောင် လုပ်ခဲ့တဲ့ ဒီအမျိုးသမီးကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေပါသည်။

"သူတို့ ပရောပရည် လုပ်နေတာ မြင်တယ် ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူး!"

ဆူးယာ အံကိုကြိတ်လျက် အသက်ရှူသံတွေလည်း မြန်လာသည်။

လုရွှမ်ကို စွန့်​လွှတ်​​ခဲ့ပြီ ဖြစ်​​သော်​လည်း အခြားအမျိုးသမီးများက သူ့ကို ​ကောင်း​ကောင်း​ ​ပေး​ဆောင်​​နေသည်​ကို မြင်​​နေရ​တဲ့အခါ စိတ်ထဲမှာ မသက်မသာ ဖြစ်လာမိသည်။

"ဟမ့် အစစ်က အတုမဖြစ်နိုင်ဘူး အတုက အစစ်မဖြစ်နိုင်ဘူး နင့်မှာ အင်အားမရှိရင် သေချာပေါက် ထုတ်ဖော်ခံရမှာပဲ.... နင်အရိုက်ခံရလို့ကတော့ ငါလုံးဝ မကယ်ဘူး နင့်ရဲ့ အရည်အချင်းရှိတဲ့ အငယ်အနှောင်းကိုပဲ သွားရှာ!"

အမှန်တရားကို မှန်းဆပြီးနောက် ဆူးယာသည် ပို၍ ပို၍ ဒေါသထွက်လာသည်။

ပထမတော့ လုရွှမ် အရိုက်ခံရပြီးတာနဲ့ ထွက်ပြီး ကောင်းတဲ့စကားတွေ ပြောမယ် တစ်ဖက်လူက မျက်နှာပေးမှုနဲ့ ကယ်တင်ပြီး နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့တဲ့ ကြင်နာမှုကို ပြန်ဆပ်မယ်လို့ တွေးထားခဲ့သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now