Arc 2🗡12🗡 ရှေးဟောင်းအခင်းအကျင်း

363 32 0
                                    

Chapter (12) Arc 2
ရှေးဟောင်း အခင်းအကျင်း တံဆိပ်ပြား

တံဆိပ်​ပြား အဟောင်းများ ရောင်းသည့်နေရာသည် ယခင်နေရာနှင့် မနီးမဝေးတွင် ရှိနေသည်။သူတို့သုံးယောက်သည် အမြန်သွားကာ တံခါးကိုဖွင့်လိုက်ကြသည်။ လှပသော စားပွဲထိုးမလေးသည် ချက်ချင်းပင် သူမမျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အမူအရာကို ပြသလာသည်။

အတွင်းကို ကြည့်လိုက်တော့ အခန်းက မကျယ်ပေါ အထဲမှာ လူတစ်ဒါဇင် ကျော်လောက် မတ်တတ်ရပ်နေ၏။ ​​အားလုံးက မီးခိုးရောင်ဖျော့ဖျော့ အဝတ်အစားတွေ ဝတ်ထားကြပြီး သူတို့အားလုံးက အခင်းအကျင်း ပညာရှင်တွေပဲ ဖြစ်လေသည်။

"အမ်?"

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လုရွှမ် အသိမိတ်ဆွေ တစ်ယောက်ကို တွေ့တော့ အံ့သြသွားသည်။

ဟန်ရွှယ်ပဲ ဖြစ်သည်။

သူသည် ထိုမိန်းကလေးနဲ့ အတူတူ မသွားချင်ခဲ့သည်မှာ သူမအဖိုးကို ဆန့်ကျင့်ဖို့အတွက် မိမိက ပစ္စည်းလာဝယ်ခြင်းကြောင့် ဖြစ်သည်။ မထင်မှတ်ဘဲ သူမနဲ့ ဒီနေရာမှာ နောက်တစ်ကြိမ် ပြန်တွေ့နေရ၏။

သူမလည်း အခင်းအကျင်း ပညာရှင်အဖွဲ့ဆီ လာခဲ့တာလား?

သူမသည် မီးခိုးရောင်ဝတ် အဘိုးအိုတစ်ဦး၏ နောက်သို့ အနီးကပ်လိုက်ကာ သူမ၏ရှေ့တွင် ရှေးဟောင်း အခင်းအကျင်း များစွာကို စူးစူးစိုက်စိုက်ကြည့်ကာ အနက်ရောင်မျက်လုံးများဖြင့် စူးစမ်းလေ့လာနေသည်။

သူ့ကို သတိမထားမိတာကို မြင်လိုက်ရတော့ သူမ သူ့နောက်ကိုလိုက်နေပုံ မပေါ်တဲ့အတွက် ဒီမှာတွေ့ခဲ့ရတာက တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။

"ဒီဖွဲ့စည်းမှု အခင်းအကျင်း တံဆိပ်ပြားက နှစ်၇၀ ဒါမှမဟုတ် နှစ်၈၀ လောက်ရှိပြီ.... အဲဒါက ဟောင်းနွမ်းနေပြီး မင်းဘယ်လိုပဲ ကြည့်ကြည့် အသုံးမဝင်တဲ့ အရာတစ်ခုလိုပဲ... ဒါပေမဲ့ အဲဒီဖွဲ့စည်းမှုရဲ့ အူတိုင်ဟာ ယိုယွင်းပျက်စီးမှု သိပ်မရှိသေးဘူး ဂရုတစိုက် ပြုပြင်လိုက်ရင် ဆက်လက် လည်ပတ်နိုင်မှာ......"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now