Chapter (65)
သံလက်နတ်ဆိုး အရူးကောင်ဗုန်း
နွားရူးတစ်ကောင် မြေပြင်ပေါ်မှာ လဲလျောင်းနေသည်။
"အဖွားရေ ဒီမှာ သားရဲတွေ အရမ်းများနေတာပဲ!"
သံကြေးစားအဖွဲ့ထဲမှ လူတစ်ဦးသည် သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်ပြီး ပြောလိုက်သည်။
လုရွှမ်နှင့် အခြားသူများသည် ဝမ့်ဖုန်းတောင်ကြားထဲသို့ ဝင်ရောက်လာသည်မှာ နှစ်နာရီကျော်ရှိပြီ ဖြစ်သည်။ ထိုအချိန်ကာလအတွင်းတွင် တောရိုင်းတိရစ္ဆာန်ပေါင်း တစ်ရာထက်မနည်းနှင့် ကြုံတွေ့ခဲ့ရပြီး အများစုမှာ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်များ ဖြစ်သည်။
ဤကာလအတွင်း တွေ့ဆုံမှုများသည် လူများစွာကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး သောင်းကျန်းတတ်သော သံလက်နတ်ဆိုးသည်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှဒဏ်ရာများနှင့် အ၀တ်အစားများ၌ သွေးစွန်းထင်းမှုများ အများအပြား ရှိနေသည်။
ဒဏ်ရာလုံးဝ မရှိတာက လုရွှမ် တစ်ဦးတည်းသာ ဖြစ်ပေ၏။
သူ၏ ခွန်အားသည် လူအုပ်ကြားတွင် အမြင့်ဆုံးမဟုတ်ပေ။ သို့သော် သူ့တွင် ယခင်ဘဝ အတွေ့အကြုံများ ရှိထားသည်။
သားရဲ တိုက်ခိုက်ခြင်း၏ အကွာအဝေးနှင့် အရှိန်ကို တိကျစွာ ဆုပ်ကိုင်နိုင်ပြီး သားရဲ၏ တိုက်ခိုက်မှုကို တားဆီးထားနိုင်သည်။ ထို့ကြောင့် သူ့ကိုယ်ပေါ်မှာ ဘာသွေးမှစွန်းမနေချေ။
"ဝမ့်ဖုန်းချိုင့်ဝှမ်းက ဒီလောက်ကြီးတာ ဝိညာဥ်ခုနှစ်မျိုးမှိုက ဘယ်မှာလဲ? သတင်းအတုတွေ မဖြစ်နိုင်ဘူးလား?"
ဝမ့်ဖုန်းချိုင့်ဝှမ်းသည် မိုင်ရာနှင့်ချီ ကျယ်ဝန်းပြီး ၎င်း၏ အရှည်သည် ဆယ်မိုင်ကျော် ရှိသည်။
တကယ်လို့ အခုလို ရည်ရွယ်ချက်မဲ့ ရှာဖွေပါက ၎င်းကို ဘယ်အချိန်ကျမှ ရှာတွေ့မည်နည်း
သားရဲတိရိစ္ဆာန်တွေ အများကြီး ရှိသည်။ အထဲကို ပိုလှမ်းလာလေလေ သားရဲတွေက အဆင့်ပိုမြင့်လေပဲ။ ဆက်သွားနေမယ်ဆိုရင် ၎င်းတို့ကို အသက်ရှင်လျက် ရှာတွေ့နိုင်မလားဆိုတာ ပြောဖို့ခက်သွားပြီ။