🗡144🗡 ထွက်ခွာခြင်း

543 42 0
                                    

Chapter (144)
ထွက်ခွာခြင်း

မင်းသမီးလော့ရုံက လမ်းကို ဦးဆောင်သွားသဖြင့် နန်းတော်ထဲသို့ ဝင်ရန် ပိုမိုလွယ်ကူသွားသည်။

"ညီလေးလုရွှမ်... မင်းရောက်လာပြီ!"

နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် အကျွမ်းတဝင်ရှိသော အသွင်အပြင်သည် လုရွှမ်အား အပြုံးဖြင့် လှမ်းကြည့်လာသည်။

မတိုင်ခင်က ဖန်းရှစ်မှာ တွေ့ခဲ့တဲ့ လုံဟိုင်ပဲ ဖြစ်သည်။ ကျန်းဝူဘုရင် လော့လင်၏ မွေးရပ်ဇာတိမှာ လုံဟိုင်တောင်တန်းမှ ဖြစ်ပေ၏။

"အကူအညီအတွက် ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်....မဟုတ်ရင် ကျုပ်မနေ့ညက ထုံးရွှမ်နယ်ပယ်ကို အဆင့်တက်ဖို့တောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး...."

လုရွှမ်သည် သူ့လက်သီးများကို ဆုပ်လျက် ဂါဝရပြုလိုက်သည်။

ကျေးဇူးတရားသည် ကြင်နာခြင်း၊ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး ကြင်နာမှုဖြင့် သူ့အပေါ် ကျေးဇူးပြုခဲ့သူကို မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်ပေ။

"တကယ်တော့ ကျုပ်အကူအညီ မပါဘဲလည်း ညီငယ်လုရွှမ်က အန္တရာယ်ကို ကိုယ့်ဘာသာသူ ဖြေရှင်းနိုင်မှာပါ....ဒီလိုစကားက နည်းနည်းတော့ မလိုအပ်ဘူးထင်တယ်!"

လော့လင်က ပြုံးပြီးဆို၏။

"ဒီအကြောင်း မပြောတော့ဘူး...အစကတည်းက မင်းနဲ့တွေ့ဖို့ စီစဉ်ထားတာ... မင်း ယင်းယန်အကယ်ဒမီကို မသွားဘဲ ဝူယန်အင်ပါယာကို သွားမယ်လို့ ကြားတယ်....အတော်ပဲ ဝူယန်ဘုရင်မင်းမြတ်နဲ့ ငါက အသိအကျွမ်း ဟောင်းတွေပါ.....  ဒါက ငါ့ကိုကိုယ်စားပြုတဲ့ နဂါးတံဆိပ်ပြားပဲ.... မင်းယူသွားလိုက်... မင်း အဲဒီကို ရောက်လာတဲ့အခါ အခက်အခဲတွေ ကြုံလာရင် ဘုရင်မင်းမြတ်ဆီ တိုက်ရိုက်သွားပြီး အကူအညီ တောင်းလို့ရတယ်"

သူစကားပြောနေစဉ်တွင် လော့လင်သည် တန်ခိုးအာနုဘော်ကြီးသော နဂါးရုပ်ကြီးကို ရေးထွင်းထားသည့် ကျောက်စိမ်းပြား တစ်ပြားကို ပေးအပ်လိုက်သည်။

ဤအရာသည် ရိုးရှင်းသည် မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now