🗡11🗡သားရဲသစ်တော

895 83 0
                                    

Chapter (11)
သားရဲသစ်တော

ဝုန်း!

သားရဲသစ်တော အလယ်တွင် ပုံရိပ်တစ်ခုသည် လျင်မြန်စွာ လှုပ်ရှားသွားပြီး လက်သီးထိုးသံများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။ ခဏအကြာတွင် ဧရာမ သားရဲကြီးတစ်ကောင် လဲကျသွားလေသည်။

"သံမဏိနှလုံး ဝံပုလွေရဲ့ နှလုံးကျောက်ပဲ.... အရမ်း အဖိုးတန်တယ် ဒါကိုသုံးပြီး သားရဲသွေး မှော်ဆေးသာ လုပ်လိုက်ရင် ကွင်း၆ကွင်း နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်သွားရုံတင် မကဘူး ၇ကွင်း နယ်ပယ် အနီးတောင် ရောက်သွားနိုင်တယ်"

သားရဲ၏ နှလုံးသားကို တူးဖော်ပြီးနောက် လူငယ်၏ မျက်နှာမှာလည်း တောက်ပလာသည်။ လုရွှမ်သည် တင်လန်လက်ကောက်ကို ဖျက်စီးပြီး သူ၏ ခွန်အားကို မြှင့်တင်ရန် သားရဲသစ်တောသို့ ရောက်ရှိလာခဲ့တာ ယခုဆိုလျှင် ငါးရက်ရှိပြီဖြစ်သည်။

ဆူးယာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူမက မူလပိုင်ရှင်ရဲ့ ချစ်ရသူသာဖြစ်ပြီး သူကတော့ ဘာမှမခံစားရ။ သူမက မူလပိုင်ရှင်အပေါ်တောင် စော်ကားခဲ့သေးတယ်လေ။

သူ့အတွက်ကတော့ ဘာမှမဟုတ်တာမို့ ထိုနေရာက ထွက်သွားပြီးတာနဲ့ မေ့သွားပြီ ဖြစ်သည်။

မိန်းကလေး တစ်ယောက်နဲ့ ရောရောနှောနှော နေမယ့်အစား သူ့စွမ်းအင်တွေကို တိုးတက်အောင် လုပ်တာကမှ အကောင်းဆုံးပင် ဖြစ်၏။

သားရဲသစ်တောထဲ ပထမဆုံးဝင်တဲ့ နေ့မှာပဲ ရက်စက်တဲ့ သားရဲတစ်ကောင်နဲ့ ထိပ်တိုက်တွေ့လေသည်။ တော်တော် အားထုတ်လိုက်မှသာ သတ်နိုင်ခဲ့၏။

သွေးကို သားရဲသွေး မှော်ဆေးလုံးအဖြစ် သန့်စင်ပြီး သားရဲ၏အသားကို စားကာ ပိုင်ရွှယ်ဟွေ့ကောင်းကင်မြေပုံထဲက အတိုင်းသာ လေ့ကျင့်ရင် ငါးရက်အတွင်း ကွင်းငါးကွင်းကို အောင်မြင်စွာ ဖြတ်ကျော်ကာ ခြောက်ကွင်း အနေအထားသို့ ရောက်ရှိစေနိုင်သည်။

သားရဲသွေးနှင့် သားရဲအသားကို စားသုံးပြီးနောက် ပြန်ထွက်လာခဲ့သည်။ မမျှော်လင့်ဘဲ ဤတစ်ကြိမ်တွင် သူ ကံကောင်းခဲ့ပြီး သံမဏိဝံပုလွေ သားရဲနှင့် တွေ့ဆုံခဲ့သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now