🗡25🗡အလောင်းအစား

726 63 0
                                    

Chapter (25)
အလောင်းအစား

ကျန်းဝူအကယ်ဒမီ၏ ပြိုင်ပွဲစင်မြင့်သည် ၃မီတာကျော်မြင့်ပြီး စင်မြင့်တစ်ခုလုံးကို ပြင်းထန်သော အစိမ်းရောင် ကျောက်များဖြင့် ဆောက်လုပ်ထားသည်။

ယွမ်ချောင်နှင့် လုရွှမ်တို့သည် စင်မြင့်၏ ဘေးတွင်ရပ်နေကြသည်။ အောက်တန်း နံပါတ်တစ်လူနဲ့ ယှဥ်ပြိုင်မယ့်သတင်းက ကျောင်းဝင်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး ယခုအချိန်တွင် အောက်တန်းမှ ကျောင်းသားအားလုံးနီးပါး ရောက်လာရာ ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။

"အဲဒီကောင်လေးက ဘယ်သူလဲ? ငါ့ရဲ့စံပြပုဂ္ဂိုလ် ချန်ဖုန်းကိုတောင် စိန်ခေါ်ရဲတယ်ပေါ့ တကယ်သေချင်နေတာလား?"

"သူ့နာမည်က လုရွှမ်... ပြီးခဲ့တဲ့ တစ်ခေါက်က လန်ရော့ရှင်းကို အနိုင်ယူခဲ့တဲ့လူ"

"လန်ရော့ရှင်းနဲ့ တိုက်ခိုက်တာလား...သူ့ကိုကြည့်ရတာ တော်တော်လေး မာနထောင်လွှားနေတာပဲ! သူ့တကယ့် ခွန်အားက အတော်ဆိုးဝါးမှာ သေချာတယ်!"

"ပိုးစုန်းကြူးရဲ့ အလင်းက နေနဲ့လကို ယှဉ်ဝံ့မှာလား? ငါ့အထင်တော့ သိုင်းကွက်၃ကွက်တောင် မပြီးသေးဘူး ချန်ဖုန်းဆီကနေ ခွေးလို အရိုက်ခံရလိမ့်မယ်"

ချွေ့ကျူလုံမှာ ဖြစ်ပျက်ခဲ့တာကို ပရိသတ် တော်တော်များများက မသိခဲ့ကြပါဘူး။ လူဆိုးကောင်လေးက အနိုင်ရတဲ့ ချန်ဖုန်းကို စိန်ခေါ်လိုက်တာကို အားလုံးက အေးစက်စွာ လှောင်ပြောင်ကြပါတော့သည်။

"ချန်ဖုန်းကို စိန်ခေါ်တယ်? ငါ့အာရုံကို ဆွဲဆောင်ဖို့ ဒီဟာကို သုံးချင်တာား ? ကလေးဆန်လွန်းတယ်! လူကြီးမင်းမော့ရဲ့ အကူအညီနဲ့ ငါကဝူအဆင့် နယ်ပယ်ကို ရောက်သွားပြီ...ပြီးတော့ မူလနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်မှာ ရှိနေပြီ! ငါ မပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲမှာ ချန်ဖုန်းက ငါ့ပြိုင်ဘက် မဟုတ်တာတော့ သေချာတယ်!"

စင်မြင့်အောက်၌ သွယ်လျသောရုပ်သွင်သည် မဝေးသော နေရာတွင် ရပ်နေပြီး ပျော့​ပြောင်းသော မျက်နှာပေါ်တွင် ရယ်မောလျက်။ ထိုသူမှာ မူလပိုင်ရှင်၏ ငယ်ချစ်ဦး ဆူးယာပဲ ဖြစ်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now