🗡93🗡 ဖိရွှယ်နယ်ပယ်ပြီးပြည့်စုံသွားပြီ

523 45 0
                                    

Chapter (93)
ဖိရွှယ်နယ်ပယ် လုံးဝ ပြီးပြည့်စုံသွားပြီ

"လူမှာ သူ့ခြေလှမ်းကနေ ဆင်းသက်လာတဲ့ နတ်စွမ်းအားတွေရှိတယ်..."

စာအုပ်တွေထဲမှာ နတ်စွမ်းအားအမှတ် အကြောင်း မှတ်တမ်းတွေ တင်ထားတာကို ပြန်စဥ်းစားလိုက်သည်။

လူတိုင်းတွင် မြင့်မြတ်သော စွမ်းအင်ရှိ၍ စွမ်းအင်၏ အရင်းအမြစ်သည် ခြေအောက်တွင် ရှိပြီး နတ်စွမ်းအင်အမှတ်သည် ခြေအောက်တွင် တည်ရှိနေသရွေ့ ပွင့်နေသမျှ ကာလပတ်လုံး စွမ်းအင်သည် ခြေဖဝါးမှ တကိုယ်လုံးသို့ ပျံ့နှံ့စီးဆင်းသွားမည်။

နတ်စွမ်းအင် အမှတ်၏ ဖြစ်နိုင်ချေရှိသော တည်နေရာကို ပြန်သတိရပြီးနောက် လုရွှမ်သည် သူ၏ စိတ်အခြေအနေကို ချိန်ညှိကာ အောက်ဘက်သို့ ဝိညာဥ်ချီများကို ဖြည်းညှင်းစွာ ဖြန့်ကျက် ထိန်းချုပ်လိုက်သည်။

"မှားတယ်!"

"မှားတယ်!"

"မဟုတ်သေးဘူး!"

.....

စိတ်စွမ်းအား အရှိန် ၀.၈သို့ရောက်ရှိပြီး နဂါးဆင်ရွှေလက်ဝါးသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီ။ စစ်မှန်သော စွမ်းအင် သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်သည်ဖြစ်စေ ယခင်ကထက် များစွာပိုမို လွယ်ကူလာသည်။

ဆက်တိုက် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် သူသည် ယခင်ကဲ့သို့ မပင်ပန်းတော့ချေ။

ဘယ်လောက် ကြာသွားသလဲ မသိ။

ဗုန်း!

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသည် ပူပြင်းသော စမ်းရေတွင်းထဲသို့ ရေငုပ်လိုက်သကဲ့သို့ သက်တောင့်သက်သာ ခံစားရပြီး ကြွက်သားများသည် အသက်ရှုရန် တံခါးကို ဖွင့်ပေးလိုက်သလို ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေသည်။

ဝုန်း ဝုန်း!

မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ကြံ့ခိုင်မှုသည် သိသိသာသာ တိုးတက်လာသည်။

ဆင်သံချပ် ရွှေကိုယ်ထည်သည် ပြီးပြည့်စုံသော ပထမအဆင့်၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ ဒုတိယအဆင့်သို့ ချီတက်သွား၏။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now