🗡85🗡အဆင့်မြင့်သုံးယောက်

445 40 0
                                    

Chapter (85)
အဆင့်မြင့်သုံးယောက်

"ဘယ်လိုလုပ် သူဖြစ်နေတာလဲ?"

"သွားပြီ... အကြီးတန်းရဲ့ ထိပ်တန်း စီနီယာငါးယောက်ထဲက နန်းတော်ပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံအဆင့် သန်မာတဲ့လူပဲ!"

ဝင်လာသူကို မြင်တော့ ရန်းလင်နဲ့ ယွမ်ချောင်တို့ လန့်သွားပြီး သူတို့ရဲ့ အမူအရာတွေ ပြောင်းလဲသွားသည်။

ရှင့်မင် အမည်ရှိတဲ့ ထို​စီနီယာသည် အကြီးတန်းနှစ်တွင် ရာထူးကြီးသူ သြဇာကြီးသူ တစ်ဦးဖြစ်ကာ အကယ်ဒမီတစ်ခွင်လုံးရှိ ကျော်ကြားသူများစွာအနက် လုရွှမ် ပြန်လာသောအခါတွင် သူ့ကိုပါတွေ့ရန် မမျှော်လင့်ခဲ့ပေ။

အရင် လုရွှမ်ရဲ့ ခွန်အားအရ တန်းလိနယ်ပယ်က တစ်ယောက်ယောက် ရောက်လာခဲ့ရင်တောင် ချောမွေ့စွာ လွတ်မြောက်နိုင်ပေမယ့် နန်းတော်ပင်လယ် နယ်ပယ်ဟာ စစ်မှန်တဲ့ စွမ်းအင်တွေကို စုစည်းထားပြီး အစောပိုင်း အဆင့်မှာတောင် တန်းလိစွမ်းအင် ၁၀ခု ရှိသည်။

တန်းလိနယ်ပယ် ပြီးပြည့်စုံတဲ့ အဆင့်အောက်က နှစ်ဆအားကောင်းတဲ့ ဖိအားအောက်မှာသာ ဆိုရင် ဘယ်သူက လွတ်မြောက်နိုင်ပါ့မလဲ?

"လုရွှမ်.... ငါတို့ မင်းကိုကူညီ တားဆီးပေးထားမယ် မင်းထွက်ပြေးတော့!"

ရန်းလင်သည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေသော်လည်း သူ့သွားများကို အံကြိတ်ကာ ပြောလိုက်သည်။

"သတ္တိကောင်းလိုက်တာ! ဥပဒေအဖွဲ့ရဲ့ နောက်ဆုံး ရွှေအမိန့်တော်ကို တားဆီးဖို့ သတ္တိရှိနေတယ်ပေါ့! မင်း ဒီသစ္စာဖောက်နဲ့ ပူးပေါင်းဖို့ စီစဉ်နေပုံပဲ.... ဒီနေ့ မင်းတို့သုံးယောက် တစ်ယောက်မှ မပြေးနဲ့....ငါမင်းတို့ကို သတ်ပြီး ဆုတော်ငွေ ယူလိုက်မယ်!" 

ရှင့်မင်သည် အခန်းတံခါးကို ပိတ်လိုက်ပြီး အေးစက်စွာပြုံးကာ သူ့မျက်နှာမှာ ရက်စက်မှုအပြည့်နှင့် ကြည့်လာ၏။

"သစ္စာဖောက်?"

မထင်မှတ်ပဲ တစ်စုံတစ်ယောက်က သူ့ကို ဒီနာမည်ခေါ်လိုက်တော့ လုရွှမ် သူ့မျက်လုံးတွေကို အသာမှိတ်ထားလိုက်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now