🗡56🗡ပြန်လည်ပြုပြင်ခြင်းဆေးလုံး

643 63 0
                                    

Chapter (56)
ပြန်လည်ပြုပြင်ခြင်းဆေးလုံး

"ဒီနေ့ လာမယ်... ဒီနေ့ မလာဘူး... လာမယ် မလာဘူး..."

အခန်း၉မှာ လော့ရုံသည် ပြိုလဲစွာဖြင့် ရွှေစတွေကိုကြည့်ကာ နာကျင်စွာ ပြုံးပြလိုက်သည်။

မုရှန့်အစီအရင် ဖွဲ့စည်းမှုထဲကို ဝင်ထားသရွေ့ ရွှေစတွေက ကုန်နေလိမ့်မယ်။ ထို့ကြောင့် မင်းသမီးလေးတောင် မခံနိုင်တော့ပေ။

သို့သော်လည်း အပြင်မှာ ရက်အတော်ကြာအောင် စောင့်ပြီးမှ အဲဒီ "ပါရမီရှင်" ကိုမတွေ့ရချေ။ ဒီနေရာမှာမှ မစောင့်တော့ရင် ဘယ်အချိန်မှ တွေ့ပါတော့မလဲ။

သို့ပေမယ့် မျက်စိတစ်မှိတ်မှာ တစ်နာရီကျော်သွားပြီး သရဲတစ္ဆေ တစ်ကောင်တောင် မတွေ့ရပေ။

ဧကန္တ ခန့်မှန်းထားတာများ လွဲနေသလား?

အဲဒီလူက ဒီနေ့မလာဘူးလား?

"ဟင့်အင်း အဲဒါ ဘယ်သူလဲဆိုတာ လိုက်ရှာပြီး ငါရွှေစတွေ အများကြီး ဖြုန်းတီးပစ်လိုက်ရတဲ့အတွက် ရိုက်နှက်ပစ်မယ်!..."

ဒေါသကြောင့် မင်းသမီးလော့ရုံ၏ သွားများ ယားယံလာသည်။

အဲဒီလူက ဘာလုပ်တာလဲ? အခန်း၉ကို တစ်ယောက်တည်း တိတ်တိတ်လေး လာပြီး တိတ်တိတ်လေး ပြန်ထွက်သွားတာလား? ဒီနေ့မလာဘူးလား?

စိတ်ဆိုးတယ် စိတ်ဆိုးတယ်လို့!

"မယုံဘူး ဒီနေ့ မင်းကို စောင့်မနေနိုင်တော့ဘူး!"

မင်းသမီးလော့ရုံသည် ပိုတွေးမိလေ ဒေါသပိုထွက်လေ ဖြစ်ပေသည်။

သူမ၏အသွင်သည် ထူးဆန်းသောပုံ ပေါက်သော်လည်း အမှန်တကယ်တော့ သူမသည် အလွန် ခေါင်းမာသည်။

ရက်အတော်ကြာအောင် ထိုကောင်လေးသည် သူမ၏နှာခေါင်းအောက်မှ မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲသို့ ဝင်ရောက်ကာ မှတ်တမ်းများ အထပ်ထပ် အခါခါ ချိုးဖျက်ကာ သူမ၏ ခေါင်းမာသော ဒေါသကို ဖြစ်ပေါ်လာစေသည်။

နောက်ထပ် နာရီဝက်လောက် စောင့်ပြီးသော့ ဘယ်သူမှ အရိပ်အယောင် မပြသေးဘူး။

မင်းသမီးလော့ရုံက ရုတ်တရက် တစ်ခုခုကို သတိရပြီး မတ်တပ်ထရပ်လိုက်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now