Arc 2🗡34🗡ပူးပေါင်းကြံစည်မှု

352 36 0
                                    

Chapter (34) Arc 2
ပူးပေါင်းကြံစည်မှု

တံခါးဖွင့်အဆင့်တွင် အတုတံဆိပ်နယ်ပယ် အဆင့်ရဲ့ လက်ဝါးစွမ်းအင်ကို မီတာ ၂၀ အကွာအဝေးထိ ရိုက်ပစ်နိုင်ပြီး ယခုအခါ မီတာ ၃၀ သို့ တိုက်ရိုက်ရောက်ရှိနိုင်ပြီ ဖြစ်သည်။

မီတာသုံးဆယ် အကွာအဝေး ဆိုသည်မှာ အတုတံဆိပ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် အားကောင်းသော သူများသာ ရောက်ရှိနိုင်သည့် တိုက်ခိုက်ရေး အကွာအဝေး ဖြစ်သည်။ စွမ်းအား ၈၀၀၀ကို ရေတွက်ပါက သာမန် ဂိုဏ်းဆရာနယ်ပယ်ကို ခြေတစ်လှမ်း ဝင်နေသူများပင်လျှင် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။

အကယ်၍ သူသည် ရွှေသံချပ် မီးဝံပုလွေဆီသို့ ထပ်မံ ပြေးဝင်သွားပါက အလျင်စလိုနေရန် မလိုအပ်ဘဲ အဝေးမှရပ်ကာ လေပြင်းလက်ဝါးတံဆိပ်​ဖြင့် ပြင်းထန်စွာ ရိုက်ချပစ်နိုင်သည်။

ခွန်အားက နှစ်ဆတိုးလာသလို စစ်မှန်တဲ့စွမ်းအင် သုံးစွဲမှုကလည်း ထပ်ပြီးတိုးလာပါ၏။

မြင့်မြတ်သော နန်းတော်ပင်လယ် ပထမအဆင့်တွင် စစ်မှန်သော ဝိညာဥ်ချီက ၃၀၀၀ ကျော်ရှိပြီး လက်ဖဝါးတံဆိပ်ကို တစ်ဒါဇင်လောက်ပင် အများဆုံး အသုံးပြုပါက ကုန်ဆုံးသွားမည်ဖြစ်သည်။

သို့သော် လုရွှမ်သည် ဤကဲ့သို့ ရိုင်းစိုင်းသော တိုက်ခိုက်မှုမျိုးအတွက် အလွန်ကျေနပ်နေပြီ ဖြစ်သည်။ ဒီအားနဲ့သာ လက်ဝါး၁၀ချက်လောက် ဆင့်ရိုက်လိုက်ရင် ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်က လူပင်လျှင် ရိုက်နှက်ခံရပြီး သေသွားမှာကို ကြောက်ရသည်။

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အပြင်မှာ အလင်းရောင်က တောက်ပနေပြီ။

တစ်ညတာ လေ့ကျင့်ပြီးနောက်တွင် လေပြင်းလက်ဝါးကို ကျွမ်းကျင်မှုအဆင့်သို့ တိုးမြှင့်လိုက်ရုံသာမက ခန္ဓာကိုယ်တွင်းရှိ ခွန်အားများလည်း တိုးလာခဲ့သည်။ အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်နှင့် ဝေးကွာသေးသော်လည်း အစောပိုင်းအဆင့်ကတော့ လုံးဝတည်ငြိမ်သွားပြီ။

ဒေါက် ဒေါက် ဒေါက်!

မတ်တပ်ထရပ်ပြီး အပြင်ကို ထွက်သွားတော့မယ့် အချိန်မှာ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now