🗡83🗡ဝိညာဥ်စွမ်းအားအမှတ်ဖွင့်ခြင်း

449 42 0
                                    

Chapter (83)
ဝိညာဉ်စွမ်းအား အမှတ်ဖွင့်ခြင်း

"စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိစေမယ့် ဆေး?"

ယွမ်ဟုန်တို့သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဝမ်းသာသွားကြသည်။

ဝိညာဉ်စွမ်းအင် ပါ၀င်ပြီး ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိစေသော မှော်ဆေးလုံးသည် အနည်းဆုံး အဆင့်၅ဖြစ်ရန် လိုအပ်သည်။  ထို့အပြင် ဤဆေးလုံး အမျိုးအစားသည် အလွန်အဖိုးတန်ပြီး ဆေးညွှန်း အားလုံးနီးပါးကို ကြီးမားသော အင်အားဖြင့် လက်ဝါးကြီးအုပ်ထားသောကြောင့် ပြင်ပလူများ သိရှိရန် မဖြစ်နိုင်ပေ။

ဆုလာဘ်အဖြစ် ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိစေသော ဆေးလုံးအား ထုတ်ပေးလိုက်ခြင်းဖြင့် ဤဆရာသခင်၏ အဆင့်အတန်းသည် ယခင်က သူတို့ထင်ထားသည်ထက် ပိုမိုမြင့်မားနေပေလိမ့်မည်။

ဒီကိစ္စက မခက်ခဲဘူး ဆိုတာကို ကြားတော့ သူတို့ သုံးယောက်သည် မဆိုင်းမတွ ဆိတ်ငြိမ်တဲ့နေရာကို ရှာကာ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ခဲ့ပြီး လုရွှမ်က အလယ်မှာ ထိုင်နေလိုက်သည်။

ဗုန်း.....

တြိဂံပုံစံ ဖွဲ့စည်းပြီးနောက် စွမ်းအားကြီးသော ဝိညာဉ်စွမ်းအားသည် လမ်းကြောင်းသုံးခုမှ ခန္ဓာကိုယ်ထဲသို့ တစ်ပြိုင်တည်း ထိုးဖောက် ဝင်ရောက်လာသည်။

ဤဝိညာဉ်စွမ်းအားသည် သူနှင့်မသက်ဆိုင်ဘဲ အချင်းချင်း ခဏသာ ချေးယူနိုင်သည်ကို သိရှိသဖြင့် ချက်ချင်းပင် အာရုံစူးစိုက်ကာ ဂရုတစိုက် ထိန်းချုပ်၍ ဝိညာဉ်စွမ်းအား အမှတ်၏ ခန့်မှန်းခြေ တည်နေရာဆီသို့ ဖြည်းညှင်းစွာ စီးဆင်းသွားစေသည်။

"စိတ်ဝိညာဉ် စွမ်းအားအမှတ်မှာ ဝိညာဉ်ပါ၀င်တယ်....အဲဒါကို ပြင်ပစွမ်းအားနဲ့ ဖွင့်လိုက်တာက အရမ်း အန္တရာယ်များတယ်....အောင်မြင်ရမယ်....ရှုံးလို့မဖြစ်ဘူး!"

လေးနက်သော မျက်လုံးများဖြင့် သူသည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသော ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ကာ ဝိညာဉ်စွမ်းအား အမှတ်၏ ဖြစ်နိုင်သည့် နေရာများကို အမြန်ပြေးလွှား သွားနေသည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now