🗡2🗡ဆုလာဘ်တံတိုင်း

1.7K 131 0
                                    

Chapter (2)
ဆုလာဘ်တံတိုင်း

မောက်မာနေတဲ့ တုယန်ကို လျစ်လျူရှုပြီး မှောင်ခိုဈေးကွက် ပြိုင်ပွဲမှ ထွက်ခွာလာပြီးနောက် လုရွှမ် မျက်မှောင်ကျုံ့လိုက်သည်။ လက်ရှိခန္ဓာကိုယ်က သူ့အရင်ဘဝက ခန္ဓာကိုယ်နဲ့ယှဥ်ရင် အလွန်ကွာခြားသည်။

အပေါ်ယံမှာ သူက အဆင့်မြင့်ဝူအဆင့် တပည့်တွေထဲက ဖြစ်ပေမယ့် လက်တွေ့မှာတော့ သူက အရမ်းအားနည်းလွန်းသည်။ အသံစွမ်းရည် တစ်ခုကိုသာ ထုတ်သုံးနိုင်၏။

အသံ၅ခုကို ရရှိနိုင်မှ မူလရင်းမြစ်ကို ရှာဖွေပြီး ဝိညာဥ်စွမ်းအင်ကို ခံစားနိုင်မှာ ဖြစ်သည်။ ဒီအခြေအနေ အတိုင်းသာဆိုရင် ၅နှစ်ဆိုတဲ့ အတိုင်းအတာနဲ့တောင် ထိုအဆင့်ကို မရောက်နိုင်မှာ စိုးရသည်။

"ဒီကောင်လေးကတော့....."

မှတ်ဉာဏ်တွေကို ကြည့်ရှုပြီးနောက် မူလပိုင်ရှင်က ဘာလို့ဒီလောက်တောင် ကံဆိုးနေသလဲဆိုတာ လုရွှမ် နားလည်သွားသည်။

ကျင့်ကြံနိုင်ဖို့ အစာအာဟာရကလည်း အရေးကြီးသည်။ ဒီကောင်လေးရဲ့ ရှာထားသမျှ ငွေတွေက ဆူးယာဆိုတဲ့ မိန်းကလေးကိုသာ ပေးပစ်လိုက်သည်။ ကောင်းကောင်းမစား ကောင်းကောင်း မသောက်ဘဲနဲ့တော့ အခြေတည်အဆင့်ကို ကစားနိုင်ရင်တောင် ထူးဆန်းနေဦးမည်။

"တကယ်လို့ ဝင်ငွေမရှိဘူး ဆိုရင်....ဝူအဆင့်တပည့်ဆိုတာ အိပ်မက်ကြီးပဲ ဖြစ်နေတော့မှာ"

ဝူတပည့် ဝူအဆင့်ကျင့်ကြံသူ ဖြစ်လာလို့ ခန္ဓာကိုယ်ကလည်း အရေးကြီးသည်။ အခြေခံက မကောင်းရင် ပြောင်းလဲမှုကလည်း မငြိမ်မသက် ဖြစ်လာလိမ့်မည်။ နောက်ပိုင်းမှာ ကန့်သတ်ချက်တွေ ရှိလာနိုင်သည်။

ပြန်မွေးဖွားလာပြီ ဆိုမှတော့ သေချာပေါက် လက်စားချေရမှာပေါ့။ အရင် စွမ်းရည်တွေကိုတောင် ပြန်မရောက်နိုင်တာ ဘယ်လိုလက်စားချေရမလဲ?။

အဲဒါကြောင့် အခုအရေးကြီးဆုံးက အာဟာရ ပြတ်လပ်နေတဲ့ ဒီမူလခန္ဓာကိုယ်ကို ကျွေးမွေးဖို့ပဲ။ ဒါမှသာ ကျန်းမာကြံ့ခိုင်လာမည်သာ။

"အကောင်းဆုံး နည်းလမ်းက ရှန့်ကျာကျုံးရဲ့ ပိုင်ရွှယ်ဟူကောင်းကင်မြေပုံပဲ... ရာနဲ့ချီတဲ့ ဆေးပင်တွေကို ရှာပြီး ငွေစုရမယ် အခြေတည်အဆင့်အတွက်လည်း ပြင်ဆင်ရမယ်! အရင်ဘဝက အဲဒီ​မြေပုံကိုကြည့်ခဲ့တဲ့ အချိန်တုန်းက ငါ့ခန္ဓာကိုယ်က အထွတ်အထိပ် အဆင့်ကိုရောက်နေပြီ... ပြန်မွေးဖွားလာပြီဆိုမှတော့ တစ်ချက်လောက် စမ်းကြည့်တာပေါ့"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now