Arc 2🗡6🗡 သွေးချေဖျက်အရိုးငြိမ်း

390 34 0
                                    

Chapter (6) Arc 2
သွေးချေဖျက်အရိုးငြိမ်း

"သခင်လေး...."

သူရှေ့မရောက်ခင်မှာ မုယန်ဖုန်းက သူ့မျက်နှာမှာ စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ဦးညွှတ်ပြနေတာကို တွေ့လိုက်ရပြီး သူ့ရဲ့ ဝိညာဥ်စွမ်းအင်က ကျယ်ပြောလှပြီး လူကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိမြင်နိုင်သည်။

"ဂိုဏ်းဆရာနယ်ပယ်! အောင်မြင်သွားပြီလား?"

လုရွှမ်၏ မျက်နှာ ကြည်လင်သွားသည်။

ဂိုဏ်းဆရာနယ်ပယ်ကို တိုက်ရိုက် ထိုးဖောက်နိုင်ဖို့ဆိုတာ ၁၀ယောက်မှာ ၁ယောက်ပင် မရှိသလို အတုတံဆိပ်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နိုင်သူကလည်း ဆယ်ယောက်မှာ တစ်ယောက်က အများဆုံးဖြစ်သည်။

ဒီလိုဖြစ်နိုင်ခြေ နည်းတဲ့အတွက် အစတုန်းကတော့ မမျှော်လင့်ထားပေမယ့် အဆုံးမှာတော့ မုယန်ဖုန်းဟာ ခံနိုင်ရည်ရှိနေခဲ့သည်။

"သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...သခင်လေးသာ မရှိရင် ဒီနေ့ မုယန်ဖုန်းဆိုတာလည်း မရှိနိုင်တော့ပါဘူး!"

သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ခံစားလိုက်ရတော့ မုယန်ဖုန်းရဲ့ မျက်နှာဟာ စိတ်လှုပ်ရှားပြီး နီရဲသွားခဲ့သည်။ ဂိုဏ်းဆရာနယ်ပယ်ဆိုတာ သူ ငယ်ငယ်တုန်းက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ နယ်ပယ်ဖြစ်ပေမယ့် ရောက်ခါနီး အချိန်မှာတော့ ဒဏ်ရာအပြင်းအထန် ရသွားပြီး လဲကျသွားခဲ့သည်။

ချိုင့်အောက်ခြေမှာ သူ့ဘဝအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ခဲ့လေ၏။

ဒီလိုကြင်နာမှုမျိုးကို တစ်သက်မှာ ဘယ်တော့မှ ပြန်မဆပ်လို့ မကုန်နိုင်တော့ပါ။

"ဒါက ခန္ဓာကိုယ်ပေါ်က ရောင်ဝါကို အပြည့်အ၀ ဖုံးကွယ်ပေးနိုင်တဲ့ ကျင့်ရှီးဆေးပဲ.... ပုံမှန်ဆိုရင် အတုတံဆိပ်နယ်ပယ်ရဲ့ အစွမ်းသတ္တိကို အပြည့်အဝ ကာကွယ်ထားနိုင်တယ်.... ဒါက လူတွေကို သတိလစ်မေ့မြောမှုကို ဖြစ်စေပြီး သေစေနိုင်မယ့် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာစေလိမ့်မယ်!"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now