Chapter (17) Arc 2
စိတ်ဝိညာဥ်စွန့်ခွာခြင်းဝမ်ရန်နှင့် ကျောင်းဟောင်တို့သည် လုရွှမ်၏ ဘယ်ဘက်တွင် ထိုင်နေပြီး ဟွာချောင်နှင့် လျိုခိုင်သည် ညာဘက်တွင် ထိုင်နေကြသည်။ ဟန်ရွှယ်သည် ဝမ်ရန်သို့ တိုက်ရိုက်ရောက်လာသည်။
"နင်ဟိုဘက်ကို သွားထိုင်!"
စကားပြောပြီးနောက် ဝမ်ရန်၏ ကန့်ကွက်မှုကို မစောင့်ဘဲ သူ့နေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
"ကောင်းပြီ!"
ကျောင်းအလှလေးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ မာနကြီးမှုကို မြင်တော့ ဝမ်ရန်က ပြုံးစိစိနဲ့ မတ်တပ်ထရပ်ပြီး တစ်ဖက်မှာ ပြောင်းထိုင်လိုက်သည်။
ဘဝ၏သေခြင်း ရှင်ခြင်းတို့ကို အတူတကွ တွေ့ကြုံခံစားခဲ့ကြရပြီး ၎င်းတို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။ ဤအသေးအဖွဲ့ ကိစ္စကြောင့် စိတ်ဆိုးမည် မဟုတ်ဘဲ အများဆုံး ဟာသတစ်ခုလို စကြရုံသာ ဖြစ်သည်။
"ပန်းလေးဟန်က ဝမ်ရန်ကို မောင်းထုတ်ပြီး ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်နဲ့ ထိုင်နေတာပဲ... သူက ဘယ်သူလဲ?"
"မင်းသူ့အကြောင်းတောင် မသိဘူးလား သတင်းက နောက်ကျသွားပြီ.... သူ့နာမည်က နျဲ့ယွင် လို့ ငါကြားမိတယ်.... တောထဲမှာ ရွှေသံချပ် မီးဝံပုလွေကို အနိုင်ယူပြီး စီနီယာဟွာချောင်နဲ့ တခြားသူတွေကို ကယ်တင်ခဲ့တာတဲ့!"
"ရွှေသံချပ် မီးဝံပုလွေကို ခြေလှမ်းတစ်ဝက် ဂိုဏ်းဆရာသခင်အဖြစ် လူသိများတယ်လေ.... သူ့ကို အနိုင်ယူနိုင်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား... ဒီကလေးမှာ ဒီလိုမျိုး ခွန်အားတွေ ရှိနေပါ့မလားကွ!"
"ငါလည်းမသိဘူး ဒီအတိုင်း ကြားမိတာ..."
......
လူတိုင်းကို လျစ်လျူရှုလေ့ရှိပြီး ရေခဲကဲ့သို့ အေးစက်နေသော ပန်းကလေးဟန်သည် အခြားသူကို ထွက်သွားရန် နှင်ထုတ်ပြီး သူစိမ်းလူငယ်တစ်ဦးနှင့် ထိုင်ချင်နေသည်ကို တွေ့ရတော့ လူတိုင်း အံ့သြသွားကြသည်။
"ဒီကလေးရဲ့ ကံကိုက မကောင်းတာ ဖြစ်မယ်ထင်တယ်!"
"ဟုတ်တယ်... သခင်လေးချင်ဟွာက ဟန်ရွှယ်ကို ကြိုက်တယ်ဆိုတာ ဘယ်သူက မသိလို့လဲ? လူတိုင်းရှေ့မှာ တခြားယောက်ျားတွေကို ရှာနေတာလေ သူစိတ်မဆိုးမှ ထူးဆန်းဦးမယ်!"