Chapter (26)
မင်းဘာမလို့လဲ"အာ?"
"ဒါ....ဒါ....."
"တကယ်ကြီးလားဟ?"
ချန်ဖုန်းကို ချီးကျူးခဲ့တဲ့ ပရိသတ် တော်တော်များများက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အေးခဲသွားကြသည်။
အဲဒါ ဝူအဆင့်ကြီးလေ
ထို့အပြင် ချန်ဖုန်းသည် မူလနယ်ပယ် အလယ်အလတ်ရှိ နံပါတ်တစ်အဆင့် ကျောင်းသားဖြစ်ပြီး သူ့ကိုတစ်ဖက်က ပေါ့ပေါ့ပါးပါး ရိုက်သွားသည်လေ။
"လုရွှမ်.... ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ?"
ပရိတ်သတ်ထဲမှ ရန်းလင်နဲ့ ယွမ်ချောင်တို့သည် တံတွေးကို မြိုချလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားကာ မေးတွေလည်း ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
ကိုယ့်မျက်စိနဲ့ သေချာ မြင်နေရတာတောင် တကယ့်အစစ်အမှန် ဆိုတာကို မယုံနိုင်ဘူး။ ဒါက နှစ်အတော်ကြာ အတူအိပ်ခဲ့တဲ့ ညီအစ်ကိုတဲ့လား?
ချန်ဖုန်းက သူတို့အောက်တန်းမှာ အသန်မာဆုံးလူပဲ။ သိုင်းကွက် တစ်ကွက်ပဲ ရှိသေးတယ် မလှုပ်နိုင်တော့ဘူး ဆိုတော့ ပြောရရင် လုရွှမ်က ဘယ်အဆင့်အထိ ရောက်နေပြီလဲ?
"မ မဖြစ်နိုင်ဘူး... သူကဘာမှ အသုံးမကျတဲ့ လူတစ်ယောက်ပဲ ဘယ်လိုလုပ် အစွမ်းထက်နိုင်မှာလဲ…”
ဆူးယာက ထအော်သည်။
ရင်းနှီးကျွမ်းဝင်မှုအရ ဤလူငယ်နှင့် ရင်းနှီးသူမှာ မည်သူနည်း။ နှစ်ပေါင်းများစွာ ကြာအောင် ငယ်ရွယ်သော ချစ်သူသည် နောက်ဆုံး အတားအဆီးကိုတောင် မဖြတ်ကျော်ရသေးတာ အောက်တန်းကလူတွေ အားလုံးသိသည်။
နောက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ငွေဘယ်လောက်ရှိမှာ မလို့လဲ?
သူမအမြင်မှာ လုရွှမ်ဟာ အဆင့်တက်နိုင်ဖို့ ဆေးလုံးတွေတောင် ဝယ်နိုင်မှာ မဟုတ်ဘူး။ သူက ကွင်း၅ကွင်းနယ်ပယ်ကို တက်နိုင်တယ်ဆိုပေမယ့် ဝူအဆင့်ကိုတော့ ရောက်နိုင်မှာမဟုတ်ဘူး။
ဘယ်လိုလုပ် ချန်ဖုန်းလို မူလအမှတ် အလယ်အလတ် အဆင့်ကို ရိုက်ထုတ်နိုင်မှာလဲ။ ဒါလုံးဝ မဖြစ်နိုင်ဘူး။