Arc 2🗡25🗡ဝူယန်အကယ်ဒမီ

432 39 0
                                    

Chapter (25) Arc 2
ဝူယန်အကယ်ဒမီ

၅ရက်ကြာပြီးနောက်

မြို့တံတိုင်းကြီးသည် မိုးကုပ်စက်ဝိုင်းမှ ဖြည်းညှင်းစွာ တက်လာပြီး မြင်ကွင်းထဲတွင် တ​ဖြည်းဖြည်းချင်း ပေါ်လာသည်။

"ဒါက ဝူယန် တော်ဝင်မြို့တော်ပဲ!"

ဟန်ရွှယ်က သူ့နောက်က လူငယ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

ဤငါးရက်တာ အနားယူခြင်းမှလွဲ၍ အားလုံးနီးပါးသည် လင်းယုန်နီသားရဲ၏ နောက်ကျောတွင် ရှိနေခဲ့ကြသည်။

လင်းယုန်နီ၏ နောက်ကျောသည် ကျဉ်းမြောင်းပြီး လူနှစ်ဦးအတွက် အနည်းငယ် ​ကြပ်သိပ်နေပါသည်။ ဤလူငယ်သည် အကျိုးကျေးဇူးများကို အခွင့်ကောင်းယူကာ အလွန်အကျွံ လှုပ်ရှားမှုအချို့ ပြုလုပ်လျှင် ဟန်ရွှယ်မှာ စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဒီလူငယ်က သူမကို ယောက်ျားတစ်ယောက်လို့ မှတ်ယူထားပုံရပြီး အလွန်အကျွံ လှုပ်ရှားမှုတွေ မလုပ်ခဲ့ဘဲ လေထဲမှာ ငါးရက်ဆက်တိုက် ပျံသန်းခဲ့တဲ့ အချိန်တွေမှာ လက်ကိုတောင် မကိုင်ခဲ့ချေ။

ပထမတော့ ဟန်ရွှယ်က တစ်ဖက်လူဟာ သူမကို ဆွဲဆောင်ဖို့ တမင်တကာ ဟန်ဆောင်ခဲ့တယ်လို့ ထင်ခဲ့တာ။ ရက်အနည်းငယ် ဆက်တိုက်ကြာပြီးနောက်မှာ တစ်ဖက်လူဟာ အဲဒီလိုရည်ရွယ်ချက် လုံးဝမရှိဘူး ဆိုတာကို သူမ သိလိုက်ရသည်။

ဒါကိုသိလိုက်ရတော့ ဟန်ရွှယ် အရမ်းစိတ်ပျက်သွားသည်။

အင်ပါယာနှင့်​ အကယ်ဒမီတွင်​ ​ယောက်ျားဖြစ်​​နေသရွေ့ သူမကို မျက်​လုံးအမျိုးမျိုးဖြင့်​ မြင်​​လိုက်ရသည်​နှင့်​ ခဏတာ နီးကပ်​ချင်​​နေ​သော်​လည်း ဒီ​ကောင်​လေးက​တော့ သူ့​ရှေ့မှာ ထိုင်​​နေ​သော သူမကိုထိဖို့မပြောနှင့် လှုပ်ပင်မလှုပ်ချေ။

သူမ၏ ဆွဲဆောင်မှု လျော့ပါးသွားသည်ဟုပင် ခံစားလာရစေသည်။

သို့သော်လည်း ဒီလို အတွေးမျိုး ခဏသာဝင်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ သူမ ဒီကောင်လေးကို သဘောကျပေမယ့် မကြိုက်ပါဘူး။ ယောက်ျားနဲ့ မိန်းမကြားက ချစ်ခြင်းမေတ္တာအဆင့်ကို မတက်ဘူးဆိုရင် သဘာဝကျကျ သူ့ရင်ခွင်ထဲသို့ သူမကိုယ်သူမ ပစ်ဝင်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now