Arc 2🗡39🗡အရိပ်မဲ့ဓားအခင်းအကျင်း

375 33 0
                                    

Chapter (39) Arc 2
အရိပ်မဲ့ဓားအခင်းအကျင်း

လုရွှမ်၏ ယခင်ဘဝတွင် သူ့ကို အဂ္ဂိရတ်ဆေးဆရာများကြားတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခဲ့သည်။ အတွေ့အကြုံနှင့် အသိပညာကို အားကိုး၍ ရေခဲသွေးဆေးများကို သန့်စင်ခြင်း၏ အောင်မြင်မှုနှုန်းမှာ များစွာတိုးလာသော်လည်း အနည်းဆုံးတော့ အဆင့်၉ အဂ္ဂိရတ်ပညာရှင် အဆင့်သို့ ရောက်အောင်သွားရမည် ဖြစ်သည်။

အဆင့်၉ အဂ္ဂိရတ် ပညာရှင်အတွက် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည်  ၀.၉၅ အထက်ဖြစ်ရမည်။

သူ၏လက်ရှိ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉သာ ရှိသည်။  ၀.၅ သာကွာဟသော်လည်း ဖြတ်ကျော်ရန် ခက်ခဲမှု အတိုင်းအတာသည် ၀.၂ မှ ၀.၉ သို့ တိုးလာသည် ထက်မနည်းပေ။

ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁.၀ သည် လူသားတို့၏ ကန့်သတ်ချက် ဖြစ်သည်။ ၎င်းရောက်ရှိသွားသည်နှင့် ၎င်းသည် ချက်ချင်း သာမန်အဆင့်သို့ ရောက်သွားမည် ဖြစ်လေ၏။

ထို့ကြောင့် ကန့်သတ်ချက်သို့ နီးကပ်လေ ရှေ့ကိုတိုးရန် ခက်ခဲလေ ဖြစ်သည်။

မရေမတွက်နိုင်သော ပါရမီရှင်များသည် အဆင့်၈ အဂ္ဂိရတ်ပညာရှင်၏ နယ်ပယ်တွင် ပိတ်မိနေတတ်ကြပြီး ၎င်းတို့ ဖြတ်ကျော်လိုလျှင်ပင် ဘဝအတွက် မျှော်လင့်ချက် မရှိတော့သယောင် ဖြစ်နေတတ်သည်။

"ကြည့်ရတာ အခုတလော အခင်းအကျင်း ပုံစံတွေကို မကြာခဏ ဆွဲပေးရတော့မယ့်ပုံပဲ!"

လုရွှမ် မျက်ခုံးမွှေးများကို ပွတ်သပ်လိုက်သည်။

လက်ရှိသူသည် ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉ သို့ရောက်ရှိသွားပါပြီ။ ယခင် ကိုးမှတ်ဝိညာဥ် နည်းလမ်းနှင့် ဝိညာဥ်သုံးသွယ် နည်းလမ်းကို အသုံးမပြုနိုင်တော့ပါ။ အဆင့်တစ်ဆင့်ပြီးတစ်ဆင့်သာ လေ့ကျင့်နိုင်မည် ဖြစ်သည်။

အကယ်၍ တခြားအဂ္ဂိရတ်ဆရာများ သုံးသည့် နည်းလမ်းတွေကိုသာ အသုံးပြုပါက နှစ်အနည်းငယ်အတွင်း ၀.၅ တက်သွားရန် မဖြစ်နိုင်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ တိုးမြှင့်ရန်အတွက် အခင်းအကျင်း ဖွဲ့စည်းခြင်း တံဆိပ်ပြားကို ထွင်းထုရန် ဓားနှစ်လတ်စီးဆင်း​ခြင်း နည်းလမ်းကို အသုံးပြုရန်ဖြစ်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now