Arc 2🗡2🗡 ရွှေသံချပ်မီးပုလွေ

374 36 0
                                    

Chapter (2) Arc 2
ရွှေသံချပ် မီးဝံပုလွေ

"အရေးကြီးနေချိန်မှာ အနှောင့်အယှက် ဝင်သွားရင် အရင်က ကြိုးစားခဲ့တာတွေ အားလုံး သဲထဲရေသွန်ဖြစ်ပြီး ကံမကောင်းရင် မိစ္ဆာစိတ် ဝင်သွားလိမ့်မယ်.... "

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

ဘယ်သူပဲဖြစ်ပါစေ ဒီလိုအချိန်မှာ ရောက်လာတာက တကယ်ကို ကံဆိုးတာပဲ။ မုယန်ဖုန်းဟာ ​​အစိုးရိမ်ရဆုံး အချိန်ကို ဖြတ်ကျော်နေရတာ ဖြစ်ပြီး သူစိတ်အနှောက်အယှက် ဖြစ်သွားရင် ကျရှုံးနိုင်ချေ များသွားပြီ။

"ရပ်ခိုင်းရမယ်!"

နှလုံးခုန်သံနှင့်အတူ လုရွှမ် မတ်တပ်ထရပ်ကာ ပေါ့ပေါ့ပါးပါး လှုပ်ရှား၍ အသံလာတဲ့ ဦးတည်ရာဆီသို့ လျှောက်သွားသည်။

အတုတံဆိပ်နယ်ပယ်ကို ရောက်သွားတော့ လူတစ်ကိုယ်လုံးဟာ မျောက်ဝံတစ်ကောင်လို မီတာရာနဲ့ချီ အကွာအဝေးကို မြန်မြန်ဆန်ဆန် ခုန်ထွက်သွားနိုင်၏။

မုယန်ဖုန်းရဲ့ လေ့ကျင့်မှု နေရာကနေ မီတာ ၅၀၀ လောက်အကွာမှာ လူအရိပ်တချို့ကို တွေ့ရလေသည်။

ယောက်ျားလေး ၄ယောက်နဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိ၏။

ထိုအခိုက်အတန့်တွင် လူငါးဦးသည် အနည်းငယ် ရှက်ရွံ့နေပုံရပြီး တစ်ဦးစီက ဒဏ်ရာရထားကာ နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရထားသည်။

"ကျောင်းဟောက်! မင်းဟန်ရွှယ်ကို အရင်ခေါ်သွား ငါတို့သုံးယောက် အနောက်က လိုက်ခဲ့မယ်... "

ထိုအထဲမှာ အရပ်ရှည်တဲ့ လူငယ်တစ်ယောက်က အံကို ကိုက်ပြီး ပြောလိုက်သည်။

"မဟုတ်ဘူး....သေရင် ငါတို့အတူတူသေမယ်!" ဟန်ရွှယ် အမည်ရှိ အမျိုးသမီးက သူမ၏သွားများကို အံကြိတ်ရင်း ဆို၏။

ဟန်ရွှယ်ဟာ အလွန်လှပတယ်လို့ ပြောရလိမ့်မည်။ သူမရဲ့ နုနယ်တဲ့ မျက်နှာနေရာ အများစုဟာ သွေးတွေနဲ့ ဖုံးလွှမ်းနေပေမယ့် သူမရဲ့ အသွင်အပြင်နဲ့ အသားအရေက လန်ရော့ရှင်းထက် ပျော့ညံ့လွန်းတဲ့ အလှတရားတစ်ခု မဟုတ်ဘူးဆိုတာ သေချာပါ၏။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now