Arc 2🗡1🗡လေပြင်းလက်ဝါးတံဆိပ်

463 33 0
                                    

Chapter (1) Arc 2
လေပြင်းလက်ဝါးတံဆိပ်

အတုတံဆိပ်နယ်ပယ်တွင် စစ်မှန်သော ဝိညာဥ်ကို ထုတ်လွှတ်၍ အဝေးမှတိုက်လိုက်နိုင်စွမ်း ရှိသည့် အတုတံဆိပ်လက်ဝါးကို ဖန်တီးနိုင်သည်။

"အတုတံဆိပ်နယ်ပယ်မှာ ခွန်အားတိုးလာတာနဲ့ အမျှ စစ်မှန်တဲ့ ဝိညာဥ်ချီကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နိုင်မယ့် အကွာအဝေးကလည်း တိုးလာလိမ့်မယ်.... သာမန် အတုတံဆိပ်နယ်ပယ် တစ်ယောက်မှာ ခွန်အား ၁၀၀၀ရှိပြီး ဝိညာဥ်ချီကို ထုတ်လွှတ်နိုင်တဲ့ အကွာအဝေးက ၁၀မီတာ၊ အလယ်အလတ် အဆင့်မှာဆို ၂၀မီတာ၊ နှောင်းပိုင်းအဆင့်မှာ မီတာ၃၀နဲ့ ပြီးပြည့်စုံတဲ့ အဆင့်မှာ မီတာ၅၀ ပဲ..."

လေ့ကျင့်ခြင်း မပြုလုပ်မီ အတုတံဆိပ်နယ်ပယ်၏ အမျိုးမျိုးသော အသေးစိတ် အချက်များသည် သူ့စိတ်ထဲတွင် ပြေးလွှားနေ၏။

"လေမိုးကြိုးဂိုဏ်းမှာ ပြင်ပကထုတ်လွှတ်တဲ့ စစ်မှန်တဲ့ စွမ်းအင်တွေရဲ့ စွမ်းအားကို တိုးမြင့်ပေးနိုင်တဲ့ လေ့ကျင့်ရေး နည်းလမ်းရှိတယ်...စွမ်းအားကလည်း ကောင်းတယ် အတုတံဆိပ်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်ရင် လေ့ကျင့်နိုင်ပြီ"

မူလဂိုဏ်းခြောက်ဂိုဏ်း အနက်မှ တစ်ခုဖြစ်သည့် လေမိုး​ကြိုးဂိုဏ်းသည် ရုပ်သေးပင်လယ်ဂိုဏ်း၏ ကျွမ်းကျင်လိမ္မာမှုနှင့် ဆင်သံချပ်ကာဂိုဏ်း၏ အစွမ်းထက်သော ကာကွယ်ရေးနှင့် ကွဲပြားပါသည်။

၎င်းသည် ကျင့်ကြံခြင်း ကျွမ်းကျင်မှုဖြစ်စေ ကိုယ်ခံပညာကို လေ့ကျင့်ရာတွင် ​ဖြစ်စေ တိုက်ခိုက်ရာတွင် ကောင်းမွန်ပြီး ၎င်း၏တိုက်စစ်အစွမ်းမှာ အံ့မခန်းဖြစ်သည်။

ဆင်သံချပ်ကာဂိုဏ်းသည် ဒိုင်းတစ်ခုဖြစ်လျှင် လေမိုးကြိုးဂိုဏ်းသည် လှံဖြစ်သည်။

နည်းလမ်းအားလုံးကို အင်အားတစ်ခုတည်းဖြင့် ဖြတ်ကျော်နိုင်သည်။

ကျင့်စဥ်အမည်မှာ [လေပြင်းလက်ဝါးတံဆိပ်] ဟုခေါ်သည်။

၎င်းသည် လေမိုးကြိုးဂိုဏ်း၏ ထူးခြားသော ကျင့်စဥ်တစ်ခုဖြစ်ပြီး အလွန်အမင်း အာရုံစိုင် လေ့ကျင့်ပါက ကမ္ဘာကြီးကိုပင် တုန်လှုပ်ပျက်စီးစေမည့် ကြီးမားသော လက်ဝါးတံဆိပ်ကြီးကို အလွယ်တကူ ဖန်တီးအသုံးပြုနိုင်မှာ ဖြစ်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now