🗡141🗡 ဂိုဏ်းဆရာနှင့်တိုက်ပွဲ (ပထမပိုင်း)

387 37 0
                                    

Chapter (141)
ဂိုဏ်းဆရာနှင့်တိုက်ပွဲ (ပထမပိုင်း)

အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သည် ကြီးမားသော ခွန်အား၅၀၀၀ ရှိသည်။ သို့သော် ဂိုဏ်းဆရာနယ်ပယ် ရောက်ဖို့အတွက်ဆို ခွန်အား၁၀၀၀၀ ရှိရမည်။ ကွာဟချက်မှာ အင်မတန် များပေ၏။

လုရွှမ်သည် လက်ရှိတွင် ခွန်အား ၃၁၃၀၏ အစွမ်းအစကို အစွမ်းကုန် ကြိုးစား၍ စွမ်းဆောင်နိုင်သည်။ ဤကဲ့သို့သော ခွန်အားဖြင့် သန်မာသော ဂိုဏ်းဆရာနယ်ပယ်နှင့် ယှဉ်ပြိုင်ရန် အိပ်မက်တစ်ခု မဟုတ်သည်မှာ သေချာပါသည်။

သို့သော် ရတနာ သို့မဟုတ် ယင်းယန်အကယ်ဒမီ၏ ခွဲတမ်းနေရာများထဲမှ တစ်ခုအား လက်လွှတ်မခံစေချင်ရင် သူတောင့်ခံထားရမည်။

"ဘာလက်နက်လိုလဲ"

ခန်းမအလယ်မှာ ရပ်နေတဲ့ ဆရာကြီး ဟူယွင်က သူ့ရှေ့ကခေါင်းမာတဲ့ လူငယ်ကို ကြည့်လိုက်သည်။

ဂုဏ်သရေရှိတဲ့ ဆရာက ကျောင်းသားတစ်ယောက်ကို လက်ဗလာနဲ့ တိုက်ခိုက်ခိုင်းမယ်ဆိုရင် အရမ်း ရက်စက်ရာကျမည်လေ။

"ကျွန်တော် စမ်းကြည့်ချင်တယ်....လက်နက်မလိုဘူး"

လုရွှမ်က ဆို၏။

"တော်တော်လေး ဟန်ဆောင်တာပဲ!"

"ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ? စမ်းကြည့်တာတောင် လက်နက်သုံးဖို့ မလိုဘူးတဲ့ လက်နက်ကို ဘယ်လိုသုံးရမလဲ မသိလို့ဖြစ်မှာပေါ့!"

"လက်နက်ကို ဘယ်လိုသုံးရမှန်းကို မသိပေမယ့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်လောက်တော့ မကောင်းပါဘူး....ဒီလူက ပြိုင်ပွဲမှာ လက်နက်ကို တစ်ခါမှ မသုံးဘူး... ဘယ်လိုသုံးရမယ်ဆိုတာ မသိတာ သေချာတယ်!"

"ဟုတ်တယ်... သက်ဆိုင်တဲ့ ကိုယ်ခံပညာ မရှိရင်... လက်နက်ရဲ့ အကျိုးသက်ရောက်မှုက လျော့သွားလိမ့်မယ်.... သူက ဟန်ဆောင်နေတာ မဟုတ်ရင် သူ့ကိုယ်သူ အရူးလုပ်နေတာပဲ ဖြစ်ရမယ်..."

……
လူတိုင်း ရယ်မောလိုက်ကြသည်။

ပွဲအစကတည်းက လုရွှမ်သည် မည်သည့် လက်နက်ကိုမှ မသုံးခဲ့ပေ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now