Arc 2🗡47🗡တံခါးကို ရိုက်ချိုးခြင်း

349 35 0
                                    

Chapter (47) Arc 2
တံခါးကို ရိုက်ချိုးခြင်း


အဂ္ဂိရတ်ဆရာအသင်း၏ အဖွဲ့မှူးအနေဖြင့် ဆရာကြီးကူယသည် လူအများနှင့် တွေ့ဆုံခဲ့ပြီး လူတိုင်းကသူ့ကို လေးစားကြသည်။ သူ၏အမည်ကို သိပြီးနောက်တောင် သူ့ရှေ့ရှိလူငယ်လေးသည် အလွန်အေးဆေး တည်ငြိမ်​နေသည်။

ဒါကိုတွေးပြီးနောက် အစေခံတစ်ယောက်လို ကျယ်လောင်စွာ မအော်ဘဲ နှစ်သိမ့်တဲ့လေသံနဲ့ ပြောလိုက်သည်။

"အနားယူ​နေပြီလား?" လုရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်.... အကြီးအကဲက ထူးဆန်းတဲ့ စိတ်ထား ရှိတယ်။ နေ့ခင်းဘက် လာလည်ရင် သူ့ကို မတွေ့နိုင်ဘူး... ညဘက် တံခါးလာခေါက်ရင် သူ့ကို အလွယ်တကူ ရွံရှာ​စေလိမ့်မယ်...အခုလိုလုပ်တာ သူ့ကိုတွေ့ရဖို့ ပိုခက်ခဲသွားလိမ့်မယ်!"

ဆရာကြီးကူယက ဆက်ပြောသည်။

"ဒါ့အ​ပြင် ... အကြီးအကဲရဲ့ အဆင့်အတန်း မြင့်မြတ်ပြီး သူ့ကို စက်ဆုပ်ရွံရှာအောင် လုပ်တာက ဆုံးရှုံးမှုပဲ ရသွားလိမ့်မယ်"

သူက အမှန်အတိုင်း ပြောနေတာပဲ ဖြစ်သည်။

အဘိုးကြီးရဲ့ စိတ်က ထူးဆန်းသည်။ လမ်းဘေးမှာ နေ့တိုင်း လာတွေ့ရင်တောင်မှ သူ့ကို မမြင်ရဘူး။ ညလယ်မှာ တံခါးလာခေါက်မှတော့ သေချာပေါက် အရိပ်တောင် မြင်ရမှာ မဟုတ်ဘူး။

ပြီးတော့ သူက တစ်ဖက်လူရဲ့ အထောက်အထားကို တမင်တကာ အရိပ်အမြွက် ပြခဲ့သည်။

သူ့လို အဆင့်၈ အဂ္ဂိတ်ရတ်ပညာရှင်ပင် ထူးဆန်းတဲ့ အဖိုးကြီးအပေါ် နှိမ့်ချဆက်ဆံ နေရသူမှာ မည်သို့ ရိုးရှင်းနိုင်မည်နည်း။ မင်းမှာ တကယ် ဘာလုပ်စရာရှိရှိ မနက်ဖြန်အထိ စောင့်ပြီးမှ ဒီအကြောင်းပြောရအောင်လား။

"နေ့ခင်းဘက် လာတာတောင် တွေ့ဖို့ မလွယ်ဘူး....အဲ့လိုဆိုမှတော့..."

သူ့ အရိပ်အမြွက်ကို မကြားသလိုပဲ လုရွှမ်က ခဏရပ်လိုက်သည်။

ဒါကိုကြားတော့ ကူယဟာ အခက်အခဲ တွေ့ကြုံလာရတဲ့အခါ တစ်ဖက်က နောက်ပြန်ဆုတ်မယ်လို့ တွေးပြီး လှည့်ထွက်သွားပြီး နေ့ခင်းဘက် ပြန်ထွက်လာမယ်လို့ ထင်လိုက်သော်လည်း သူနောက်ထပ်ပြောလာတဲ့ စကားကို ကြားတဲ့အခါ တုန်လှုပ်သွားကာ မြေပြင်ပေါ်ကို လဲကျလုနီးပါး ဖြစ်သွားလေ၏။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Tahanan ng mga kuwento. Tumuklas ngayon