Chapter (143)
ဘုရင်မင်းမြတ်နှင့်တွေ့မည်ဓားနှလုံးသား စွမ်းအင်ကို ထုတ်လွှတ်နိုင်သည့် ပါရမီရှင် တစ်ဦးသည် အကယ်ဒမီ၏ အတွင်းခန်းထဲ၌ပင် ထိပ်တန်းရောက်ရှိ နေမည်မှာ သေချာလေသည်။
ဤကဲ့သို့သော ပါရမီရှင်ဂိုဏ်းထဲသို့ သူဝင်သည်နှင့် တပြိုင်နက် ထိုအဆင့်မြင့်သော စွမ်းအားရှင်များက ဝန်းရံလာတာနဲ့ သူ့လိုလက်ထောက် တစ်ဦးအလှည့်ကိုပင် မရောက်နိုင်မှာ စိုးရသည်။
ဒီတခေါက် ကျန်းဝူအင်ပါယာလို ဝေးလံခေါင်သီတဲ့ အရပ်ကို အပို့ခံလိုက်ရတော့ ခက်ခက်ခဲခဲ အလုပ်တစ်ခုလို့ ထင်ခဲ့ရပြီး အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ မတွေ့နိုင်ဘူးဟုပင် ထင်မိသည်။
ကြမ်းတမ်းလှတဲ့ ကျောက်စိမ်းတုံးကြီး ကြီးကြီးမားမား ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။
အံ့သြမှုနဲ့အတူ ကြည့်နေစဥ် ဓားရှည်က မရပ်တန့်ဘဲ သူ့ဆီကို ရောက်လာနေပြီ။ မလှုပ်ရှားပါက သူဒုက္ခရောက်သွားနိုင်သည်။
သူက မျက်ခုံးပင့်ပြီး လက်ကိုဝေ့ယမ်းလိုက်သည်။
သူ၏ ခွန်အား၇၀ ရာခိုင်နှုန်းသည် လေထဲတွင် ကြည်လင်သော လက်ဖဝါးပုံနှိပ်ကို ဖန်တီးလိုက်ကာ ရှည်လျားသော ဓားရှည်နှင့် တိုက်မိသွားသည်။
ဝုန်း!
ရှည်လျားသော အသံနှင့်အတူ ဓားရှည်သည် မြေပြင်ပေါ်သို့ ချက်ချင်းထိုးကျသွားကာ လုရွှမ်သည် ယခင်ကကဲ့သို့ လွင့်ပျံသွားခဲ့သည်။
သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ ဆရာကြီးဟူယွင်ရဲ့ သက်ညှာမှုကြောင့်လား တခြားအကြောင်းတွေကြောင့်လား မသိပေမယ့် သူ လွင့်ပျံသွားရုံပဲ ဖြစ်ကာ ဒဏ်ရာမရခဲ့ချေ။
"ကောင်းပြီ! ကောင်းပြီ!"
နေရာတွင် ရပ်တန့်နေနိုင်သော လူငယ်ကို မြင်ရတော့ ဆရာကြီးဟူယွင် ပို၍ ကျေနပ်လာသည်။
သူသည် သက်ညှာလိုက်သည်ဟု အခြားသူများက ထင်ကောင်းထင်ကြသော်လည်း ထိုသို့မဟုတ်ကြောင်း သူသိသည်။