🗡8🗡အနှစ်၃၀၀ကြာပြီ

974 89 0
                                    

Chapter (8)
အနှစ်၃၀၀ ကြာပြီ

လျိုချွမ်းက ဘယ်သူလဲ။

မနှစ်က အဆင့်ပြိုင်ပွဲမှာ စတုတ္ထနေရာ ရထားပြီး အသံငါးကွင်း နယ်ပယ်ရောက်ထားတဲ့  သန်မာတဲ့လူက လုရွှမ်ဆီမှာ အရိုက်ခံလိုက်ရတယ်?။ တကယ်ကြီးလား?။

သူတို့ အမြင်မမှားပါဘူးနော်?။

လုရွှမ်ရဲ့ အခန်းဖော်ဖြစ်တဲ့ ရန်းလင်နဲ့ ယွမ်ချောင်သည် လုရွှမ်၏ စွမ်းအင်အကြောင်းကို ကောင်းကောင်းကြီး သိထားကြသည်။ သူသည် အလွန်ကြိုးစား လေ့ကျင့်သော်လည်း အသံတစ်ကွင်း အဆင့်သာရှိ၏။

ထိုအဆင့်က သာမန်လူတွေအတွက်ဆို မဆိုးဘူးလို့ ဆိုရမည်။ သို့သော်လည်း သူတို့အတန်းက လျိုချွမ်းလို ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်နဲ့ ယှဉ်ရင် တော်တော် ကွာခြားလှသည်။

ဒါပေမဲ့ အခုတော့ ကျော်ကြားလှတဲ့ ပါရမီရှင်က လုရွှမ်ဆီမှာ ခွေးသေတစ်ကောင်လို ပါးရိုက်ခံလိုက်ရပြီ။ ဒီလောကကြီးက သူတို့ကို အမြင်မှားအောင် နောက်ပြောင်နေတာများလား?။

"မင်းမှာ အရည်အချင်းရှိရင် ခိုးပြီး မတိုက်ခိုက်နဲ့ ငါနဲ့ သေချာ တိုက်ခိုက်စမ်းပါ!!"

သူတို့နှစ်ယောက် မယုံနိုင်လောက်အောင် ​ဖြစ်နေတာက လျိုချွမ်းရဲ့ ရူးတော့မယ့် ပုံစံနဲ့ သူ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီး လူတစ်ကိုယ်လုံးကလည်း ပေါက်ကွဲတော့မယ့် အတိုင်းပင်။

သူသည် ကျန်းဝူကျောင်းတော်၏ ကြီးကျယ်ခမ်းနားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ လူတိုင်း လေးစားအားကျရသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။

လုရွှမ်က ဘယ်သူလဲ။ လူသိနည်းတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး သေချာပေါက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ သူ့ကို နာကျင်စေခဲ့တာဖြစ်မယ်။

တကယ်လို့ ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးဆိုရင် အသံငါးကွင်းနယ်ပယ်နဲ့ ဝူအဆင့်ကို အချိန်မရွေး ခုန်ကူးသွားနိုင်သူကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။ အခုအချိန်ဆို တစ်ဖက်လူက မှောက်နေလောက်ပြီ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now