Arc 2🗡8🗡 မိသားစုကြီး သုံးခု

376 32 0
                                    

Chapter (8) Arc 2
မိသားစုကြီး သုံးခု

"အဓိက မိသားစု သုံးခု?"

"တော်ဝင်မိသားစု အပြင်....ဝူယန်အင်ပါယာမှာ အဓိကမိသားစုသုံးစုက အင်အား အကြီးဆုံးတွေပဲ... သူတို့ရဲ့ ဘိုးဘေးတွေက အဓိပတိနယ်ပယ် အဆင့်ကို ရောက်နေကြပြီ သူတို့ကို ဘယ်သူမှ မနှိုးဆော်ရဲဘူး.... တော်ဝင်မိသားစုတောင် နူးညံ့သိမ်မွေ့တဲ့ နည်းလမ်းတွေကို အသုံးပြုရတယ် သူတို့နဲ့ ရန်သူတွေ ဖြစ်ရမှာကို ဘယ်သူမှ ဆန္ဒမရှိကြဘူး ......"

လုရွှမ် နားမလည်တာကို မြင်တော့ ဟွာချောင်က ထပ်ရှင်းပြသည်။

ဝူယန်အင်ပါယာ နှင့် ကျန်းဝူအင်ပါယာ၏ ဖွဲ့စည်းပုံသည် လုံးဝကွဲပြားသည်။

ကျန်းဝူအင်ပါယာတွင် ဘုရင်သည် အင်အားအကောင်းဆုံး ဖြစ်ပြီး ကျန်အရာများမှာ အကယ်ဒမီနှင့် ဖန်းရှစ် ဖြစ်သည်။ အဆိုပါ အင်အားကြီး နှစ်ရပ်သည် အရည်အချင်းနှင့် စီးပွားရေး၏ အသက်သွေးကြောကို ထိန်းချုပ်ထားသည်။

ထိုနှစ်ခုကို ပေါင်းစပ်ထားရင် ဘုရင်လော့လင်ပင် အထူးဂရုပြုရန် လိုအပ်သည်။

ဝူယန်အင်ပါယာတွင် သြဇာအရှိဆုံးမှာ တော်ဝင်မိသားစုနှင့် အဓိကမိသားစု သုံးစုဖြစ်သည်။

အဓိက မိသားစုသုံးစု၏ ဘိုးဘေးများသည် အဓိပတိနယ်ပယ် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ဤစွမ်းအင်က ကာကွယ်ထားပြီဖြစ်ရာ အဘယ်သူက ပြဿနာ ရှာဝံ့မည်နည်း။

အဓိက မိသားစုသုံးစုမှာ ချင်၊ ဟန် နှင့် ကျောက် တို့ဖြစ်သည်။

ချင်ဟွာသည် ချင်မိသားစု၏ အချစ်ဆုံး မျိုးဆက်သစ် လူငယ်လေး ဖြစ်သည်။

ဤအခြေအနေကို အားကိုး၍ လူ့အသက်ကို ကြီးကြီးမားမား ဖြစ်စေသည့် အဖြစ်အပျက် မဟုတ်သရွေ့ မည်သူမျှ နှိုးဆော်ခြင်း မပြုဝံ့ပေ။

စည်းမျဥ်းစည်းကမ်းတွေ ရှိပေမယ့် ခွန်အားက အရေးကြီးဆုံး အရာဖြစ်တဲ့ ကမ္ဘာတစ်ခုပဲ။

လုရွှမ်ကဲ့သို့ပင်။ သူ့တွင် ထူးချွန်ထက်မြက်သော အရည်အချင်း ရှိ၍ ပါရမီရှင်များ၊ အကယ်ဒမီက ဆရာများ၊ ဒုကျောင်းအုပ်များကို ခေါင်းဖြတ်သတ်ပစ်ပါက ဤရာဇ၀တ်မှုများသည် ဆယ်ဆမျှပင် သေစေမည် မဟုတ်ပေ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now