🗡58🗡အဆင့်၁နန်းတော်ပင်လယ်နယ်ပယ်

588 58 0
                                    

Chapter (58)
အဆင့်၁ နန်းတော်ပင်လယ်နယ်ပယ်

ဝိညာဉ်စွမ်းအင် ပြု​ပြင်ပေးသည့်ဆေးသည် စတုတ္ထအဆင့် မှော်ဆေးလုံး ဖြစ်သော်လည်း လုရွှမ်၏ ခန္ဓာကိုယ်သည် သန်မာလွန်းပြီး နန်းတော်ပင်လယ်ကိုဖွင့်ရန် လိုအပ်သော စွမ်းအင်မှာလည်း မယုံနိုင်လောက်အောင် ကြီးမားသည်။

မတိုင်ခင်က နန်းတော်ပင်လယ် ဒုတိယအဆင့်သို့ တိုးမြှင့်လိုက်သလိုပင်။

နန်းတော်ပင်လယ် နယ်ပယ်၏ အကျိုးသက်ရောက်မှုကို ရပ်တန့်၍မရပေ။ ရပ်တန့်သွားသည်နှင့် နန်းတော်ပင်လယ် နယ်ပယ်အဆင့်သည် ပုံသေဖြစ်သွားလိမ့်မည်။ ၎င်းသည် အနာဂတ်တွင် အဆင့်တက်ဖို့ ခက်ခဲသွားနိုင်သည်။

ဖြစ်နိုင်ပါ့မလား တစ်ကြိမ် ပြန်လည်မွေးဖွားပြီး ၉ကွင်းနယ်ပယ်အတွက် ၉ခါသေ၁ခါရှင်ပြီး တန်းလိစွမ်းအင် ၉ခုအတွက်လည်း ကြိုးစားပြီးပြီ။ နန်းတော်ပင်လယ် နယ်ပယ်ရဲ့ ပထမအဆင့်ကို မရောက်နိုင်ဘူးတဲ့လား?

အကယ်၍ လုရွှမ်သည် ထိုအကြောင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတယ် ဆိုတာကို အခြားသူများ သိပါက ပြေးလာပြီး လည်ပင်းညှစ်သတ်မှာ သေချာသည်။

နန်းတော်ပင်လယ် နယ်ပယ်ရဲ့ အဆင့်၅နဲ့ အဆင့်၄ကို ရောက်ရှိထားသူများကို ပါရမီရှင်များဟု ဆိုကြပြီး အဆင့်၃ကို ရောက်ရှိသူများသည် ရှားပါးလှ၏။

ကျန်းဝူအင်ပါယာကို တည်ထောင်ပြီး နှစ်ပေါင်း ရာနှင့်ချီ ကာလအတွင်း မင်းသမီးလော့ရုံသာလျှင် တတိယအဆင့် နန်းတော်ပင်လယ်ကို ကျင့်ကြံနိုင်ခဲ့ပြီး ထိုအချိန်က ပါရမီရှင်မုယန်ဖုန်းပင် စတုတ္ထအဆင့် နန်းတော်ပင်လယ် နယ်ပယ်သာ ရှိခဲ့သည်။

ကျန်းဝူ အင်ပါယာသည် သေးငယ်တဲ့ နေရာဖြစ်လို့ ပြဿနာမရှိပေမယ့် ယခင်ဘဝက အဓိက ဂိုဏ်းခြောက်ခုမှာ ဒုတိယအဆင့် နန်းတော်ပင်လယ် နယ်ပယ်ကို ရောက်ရှိခဲ့သူ၏ စုစုပေါင်း အရေအတွက်မှာ နှစ်ဆယ်ထက် မကျော်လွန်နိုင်ပေ။

ထိုအဖြစ်အပျက်မှ နန်းတော်ပင်လယ် ဒုတိယအဆင့်၏ အခက်အခဲကို မြင်တွေ့နိုင်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now