🗡53🗡ဖော်ထုတ်မယ်

579 56 0
                                    

Chapter (53)
ဖော်ထုတ်မယ်

မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့ မုရှန့်အစီအရင် အခန်းများ၏ အပြင်ဘက်တွင် ရပ်နေကြသည်ကို မြင်လိုက်ရသဖြင့် လုရွှမ် မအံ့သြတော့ပေ။

သူမတို့ကို ဒီရက်တွေမှာ တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး နေ့တိုင်း မြင်နေရတယ်လေ။

သို့သော် သူနှင့် ဘာမှမဆိုင်ပါ။

သူ့အား စိုက်ကြည့်နေသော လူနှစ်ယောက်ကို လျစ်လျူရှုကာ လုရွှမ်သည် မုရှန့်အစီအရင်ထဲသို့ တိုးဝင်လာခဲ့သည်။

"သူ့ပုံစံကို ကြည့်ရတာ မတူဘူး..."

လူငယ်လေး ဝင်လာတာကိုမြင်တော့ နှစ်ယောက်သား လိုက်မလိုက် ဆက်ဆွေးနွေးကြသည်။

"ကိစ္စမရှိပါဘူး ဟုတ်မဟုတ် လိုက်သွားကြည့်ရအောင်"

ပုံပန်းသဏ္ဌာန်က မဟုတ်ဘူးလို့ ထင်ရပေမယ့် သံသယဝင်နေသေးတာကြောင့် လိုက်မကြည့်ရရင် စိတ်မချနိုင်ဘူး ဖြစ်နေသည်။

မင်းသမီးလော့ရုံသည် လုရွှမ်နောက်သို့ အနီးကပ်လိုက်ကာ မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲသို့ ဝင်တော့မည် ဖြစ်သော်လည်း သူမ မထွက်ခွာမီတွင် လူငယ်သည် ပြန်ထွက်လာပြန်၏။

"အမ်?"

နှစ်ယောက်သား တစ်ချိန်တည်း အံ့အားသင့်သွားကြသည်။

ဒီကောင်လေးက အချိန်တိုင်း အကြာကြီး ဝင်နေတတ်တယ် မဟုတ်လား? ​​ဒီတစ်ခါ ပြန်ထွက်လာတာ အရမ်းမြန်နေသလိုပဲ သူတို့နောက်က လိုက်လာတာကို တွေ့သွားလို့လား?

စိတ်ထဲမှာ ထူးဆန်းလာကာ မုရှန့်အစီအရင် အပြင်က အခန်းကို လှည့်ပတ်သွားလာနေတဲ့ လူငယ်ကို မြင်လိုက်ရပြီး ခဏကြာတော့ ပျောက်ကွယ်သွား၏။

"ငါပြောတယ် မဟုတ်လား? သူမဟုတ်ပါဘူးဆို!"

မင်းသမီးလော့ရုံသည် လုရွှမ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူသာဆိုရင် အခန်း၉ထဲဲကို ဝင်သွားပြီး ပြန်ထွက်လာမှာပဲလေ။ အခုပုံစံကို ကြည့်ရတာ သူမဟုတ်ပုံပဲ။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now