Arc 2🗡14🗡ဓားနှစ်လတ်စီးဆင်းမှု

374 32 0
                                    

Chapter (14) Arc 2
ဓားနှစ်လတ်စီးဆင်းမှု

ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော လုရွှမ်သည် သူ့စိတ်ကို ငြိမ်သက်သွားစေရန်အတွက် ပထမဦးစွာ သူ့အသက်ရှူမှုကို ချိန်ညှိလိုက်သည်။

သူ၏လက်ရှိ ဝိညာဉ်စွမ်းအားသည် 0.8 သာရှိပြီး ၎င်းသည် အဆင့်၆ အခင်းအကျင်းပညာရှင် ၏ အကောင်းဆုံးအဆင့် ဖြစ်သည်။ (အဂ္ဂိရတ်နှင့် အခင်းအကျင်းသည် လိုအပ်သော ဝိညာဥ်စွမ်းအား အတိုင်းအတာ တူညီကြသည်)။

အဆင့်၈ အခင်းအကျင်း တံဆိပ်​ပြားကို ပြုပြင်ရန် အနည်းဆုံး အဆင့်၈ အခင်းအကျင်းပညာရှင် ဖြစ်နေဖို့ လိုအပ်သော်လည်း ပြုပြင်မှုအတွက် မြင့်မားသောနည်း အဆင့် မလိုအပ်ချေ။

ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၈ သည် အနည်းငယ် အားနည်းနေသေးသော်လည်း ၎င်းကို အောင်မြင်ရန် ခဲယဉ်းသည်။

ခဏကြာတော့ သူ့နှလုံးသားက တိတ်ဆိတ်သွားပြီး လူတစ်ကိုယ်လုံး ဝမ်းနည်းမှုမရှိ ပျော်ရွှင်မှုမရှိ စိတ်ခံစားချက်များ အားလုံး တည်ငြိမ်သွားလေပြီ။

ဒီမြင်ကွင်းကို တခြားသူတွေက မြင်ရင် တုန်လှုပ်ချောက်ချားကြမှာ သေချာပါသည်။ အဓိပတိနယ်ပယ် မြင့်မြတ်တဲ့ စွမ်းအားရှင်တွေတောင်မှ ဒီလို အကြွင်းမဲ့ ငြိမ်သက်တဲ့ အနေအထားမျိုး ရဖို့က အရမ်းခက်ခဲပါတယ်။

တကယ်ကို အံ့ဖွယ်ပါပဲ။

ဤအခြေအနေသည် လူတို့အား စိတ်ပိုင်းဆိုင်ရာပြဿနာများစွာကို ကျော်လွှားနိုင်စေကာ လူ့စိတ်ကို လုံးဝစိတ်တည်ငြိမ်စေရန၊ အပျက်သဘောဆောင်သော သက်ရောက်မှုများကို ဖယ်ရှားပေးပြီး အဂ္ဂိရတ်ပညာနှင့် လက်နက်သန့်စင်ခြင်း၏ အောင်မြင်မှုနှုန်းကို တိုးမြင့်စေနိုင်သည်။

ဟူ!

လက်တစ်ဖက်စီတွင် ဓားတစ်လက်စီကိုင်ဆောင်ထားသည့် အခင်းအကျင်း တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။

အခင်းအကျင်း ဖွဲ့စည်းခြင်း တံဆိပ်ပြားသည် ကျဉ်းမြောင်းသော အရာဝတ္တု တစ်ခုတွင် ရှုပ်ထွေးသော ဖွဲ့စည်းမှု ပုံစံကို ဖော်ပြထားတာဖြစ်ပြီး စူးစူးစိုက်စိုက် အာရုံစိုက်၍ စွမ်းအားကို အသုံးပြုခြင်းဖြင့် ပြုပြင်ရန် ဖြစ်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now