Arc 2🗡13🗡လျှို့ဝှက်မှော်အခင်းအကျင်း

357 30 0
                                    

Chapter (13) Arc 2
လျှိုဝှက်မှော်အခင်းအကျင်း

"ကျွန်မတို့ရဲ့ အဖွဲ့အစည်းမှာ အမြင့်ဆုံးအခန်းက အဆင့်၄ပါ...အခင်းအကျင်း ဖွဲ့စည်းမှုပုံစံနဲ့ ဝိညာဥ်စွမ်းအင်တွေ ရှိတယ်...  အဲဒီအခန်းကို ငှားချင်ရင်တော့ အဆင့်၄ အခင်းအကျင်းပညာရှင် ဖြစ်နေဖို့လိုတယ်"

ဒါကိုမေးတာက သူဘာကိုဆိုလိုမှန်း မသိပေမယ့် စားပွဲထိုး အလှလေးက ရှင်းပြပါ၏။

"အဆင့်၄ အခင်းအကျင်းပညာရှင်?"

လုရွှမ်က မျက်မှောင်ကြုတ်ကာ ချက်ချင်းပြောလိုက်သည်မှာ

"ဒီမှာ အဆင့်၄ ပညာရှင်တွေအတွက် အကဲဖြတ် စာမေးပွဲရှိလား? စာမေးပွဲက ဘယ်တော့ဖြေမှာလဲ? ငါစမ်းကြည့်ချင်တယ်!"

"သူဘာပြောလိုက်တာလဲ?"

"ငါ​ကြားတာ မှန်ရဲလား?"

"ဟားဟား... ဒီကလေးရဲ့ ဦးနှောက်ကို မြည်းတစ်ကောင်က ကန်ခဲ့တာဖြစ်မယ်!"

"မင်းဟာ ပထမအဆင့် မှော်ပညာရှင်တောင် မဟုတ်သေးဘူး....အဆင့်၄ကို အကဲဖြတ်ဦးမယ်? မင်းအိပ်မက်က မနိုးသေးဘူးလားဟ!"

......

လုရွှမ်၏ ပြက်သားသော စကားကို ကြားသောအခါ အနီးနားရှိ ပညာရှင် အများအပြား အံ့အားသင့်သွားကာ တစ်ယောက်ပြီးတစ်ယောက် ရယ်မောလိုက်ကြသည်။

ဒီမောက်မာတဲ့ ကလေးက ဘယ်ကလာတာလဲ?

ပထမအဆင့် မှော်ပညာရှင်တောင် မဟုတ်သေးတာကိုများ အဆင့်၄ကို အကဲဖြတ်မယ်လို့ သူတကယ် ပြောခဲ့တယ်? သူ့ဦးနှောက်မှာ တစ်ခုခုတော့ မှားနေပြီ!

"အဟမ်း... လုရွှမ် အခင်းအကျင်း မှော်ပညာရှင်က ပထမအဆင့်ကို အရင် အကဲဖြတ်ဖို့ လိုတယ်....အဆင့်၄ အခင်းအကျင်းပညာရှင် အကဲဖြတ်မှုက အရမ်း ခက်ခဲတယ်.... အခြေခံအကျဆုံး အခြေအနေမှာ... ဝိညာဉ်စွမ်းအား အတိုင်းအတာက အနည်းဆုံး ၀.၆ ဖြစ်ရမယ်"

ဟန်ရွှယ် သည်းမခံနိုင်တော့ဘဲ ရှေ့ကိုတိုးကာ ချောင်းဆိုးကာ သတိပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့ရှေ့က ကောင်လေးက သူမရဲ့ ကယ်တင်ရှင်ပဲလေ။ အရင်က အဖြစ်အပျက်ကြောင့် သူမ အနည်းငယ် စိတ်မချမ်းသာပေမယ့် သူကိုယ်တိုင် မိုက်မဲစွာ လုပ်နေတာကိုတော့ မမြင်ချင်ဘူး။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now