Arc 2🗡35🗡ဝူယန်နန်းတော်

436 35 0
                                    

Chapter (35) Arc 2
ဝူယန်နန်းတော်

"သူ အဆင့်တက်သွားပြန်ပြီလား?"

လုရွှမ်၏ တိုက်ခိုက်မှုကို မြင်လိုက်ရတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဟန်ရွှယ်မျက်ခုံးတို့ ပင့်သွားသည်။

လုရွှမ်ရဲ့ အဝေးတိုက်ခိုက်မှုကို သူမအရင်က မြင်ဖူးပြီးသားဖြစ်ပြီး စွမ်းအား ၄၀၀၀  လောက်သာ ရှိသေးသည်။ အခု တစ်ကြိမ်မှာတော့ ၈၀၀၀အထိ ရောက်ရှိသွားကာ အဆက်မပြတ် တိုက်ခိုက်နေတာ အသက်ရှူချိန်ပင် မရပေ။

ချင်ဟွာသည် သန်မာသော ခွန်အားပေါင်း တစ်သောင်းကို ပိုင်ဆိုင်ထားသော်လည်း ဤတိုက်ခိုက်မှုမျိုးကို သူ မခံနိုင်ပါ။

ဝုန်း!

ချင်ဟွာသည် သွေးအန်သည်အထိ လက်ဖဝါးကို ဆက်တိုက်ရိုက်လိုက်သည်။ လက်ငါးချောင်းကို ဖြန့်လျက် သူ့အား ထပ်မံဖမ်းယူကာ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်၏။

"အစ်ကိုကြီးလု.....ငါမှားသွားပါတယ်"

ထိုလူငယ်သည် ယခင်ရက် အနည်းငယ်ကထက်ပင် ရက်စက်ကြမ်းကြုတ်ပြီး ပို၍ပင် သန်မာလာသည်ကို မြင်လိုက်ရသဖြင့် ချင်ဟွာ၏ အမူအရာမှာ ထိတ်လန့်သွားကာ အလျင်စလို အော်ဟစ်လိုက်သည်။

ရိုးရိုးသားသား ပြောရရင် ဒီကောင်လေး အရိုက်ခံရမှာကို စိုးရွံ့နေခဲ့တာပင်။ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အရာရာဟာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပေမဲ့ ကောင်လေး ရောက်လာတဲ့အခါ အရာအားလုံးက ဗြောင်းဆန်ကုန်လေသည်။

ဝုန်း ဝုန်း!

တစ်ဖက်လူရဲ့ အဖြေကတော့ ပြတ်သားတဲ့ ရိုက်သံတွေသာ ဆက်တိုက်ထွက်နေ၏။

ဒီကောင်က သူ့ဘာသာ ပြဿနာ လာရှာတဲ့အတွက် လုရွှမ်ဟာလည်း သက်ညှာနေဖို့ စိတ်မဝင်စားပေ။ ချင်ဟွာ၏ လက်အရိုးနဲ့ ခြေအရိုးအားလုံးကို ရိုက်ချိုးပစ်လိုက်သည်။

ခရက်!

အားလုံးပြီးတဲ့အခါ ခွေးသေတစ်ကောင်ကို ပစ်ချပစ်သကဲ့သို့ ပေါ့ပေါ့ဆဆ လွှင့်ပစ်လိုက်သည်။

"လုရွှမ်.... သူက ချင်မိသားစုရဲ့ သခင်လေးပါ....ရှင်သူ့ကို ဒီလိုလုပ်ရင် ချင်မိသားစုက လက်စားချေရမှာကို မကြောက်ဘူးလား?"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now