Arc 2🗡53🗡ချင်မိသားစု၏တုံ့ပြန်မှု

432 37 0
                                    

Chapter (53) Arc 2
ချင်မိသားစု၏တုံ့ပြန်မှု

ဟန်ရောင်ရဲ့ အမြင်အရတော့ လူတွေရဲ့ စွမ်းအင်ဟာ အကန့်အသတ် ရှိကြသည်။ ငယ်ရွယ်တဲ့ သခင်လေးက ဒီအသက်အရွယ်မှာ ဒီလို တိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာ အံ့သြစရာပါပဲ။

ဒါတောင် အဆင့်၆ အခင်းအကျင်း မှော်ဆရာ ​ဖြစ်နေသေးသည်။

ဒါတင်မကသေး သူက အဂ္ဂိရတ်ပညာရှင်ကြီး ကူယကတောင် ငိုမတတ် တောင်းဆိုနေရတဲ့ အဂ္ဂိရတ် ဆရာသခင်ပါ ဖြစ်နေတုန်းပဲလား။

ဒါက ဖြစ်​ရော​ဖြစ်နိုင်ရဲ့​လား။

ကူယက ဘယ်သူလဲ။ ဝူယန်အင်ပါယာမှာ နံပါတ်တစ်ဟု လူအများ သိကြသော အဆင့်၈ အဂ္ဂိရတ်ဆရာ ဖြစ်လေသည်။ မုယန်ဖုန်းပြောသည့် စကားသာ မှန်ပါက သခင်​လေးသည် အနည်းဆုံး အဆင့်၉ အဂ္ဂိရတ်ဆရာကြီးဟု မဆိုလိုပေလော။

ဟန်ရောင်ရဲ့ လည်ချောင်းတွေ ခြောက်သွေ့သွားသလို ခံစားလိုက်ရသည်။

အမှန်ဆိုလျှင် ဤသခင်​လေးသည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီ။

"သူက တစ္ဆေအဖွဲ့က လူကြီးမင်းတစ်ယောက်ရဲ့ နောက်မျိုးဆက် ဖြစ်နေမှာတောင် ကြောက်ရတယ်...."

စိတ်ထဲမှာ တဆတ်ဆတ် တုန်ယင်လာပြီး အတွေးတစ်ခု ပေါ်လာခဲ့သည်။

လုရွှမ်ကို သခင်ငယ်​လေးဟု မှတ်ယူသည်က မုယန်ဖုန်းနှင့်မတူဘဲ သူသည် တစ္ဆေအဖွဲ့၏ ကျိန်ဆိုချက်ဖြင့် ချည်နှောင်ထားသောကြောင့် ဖြစ်သည်။ အစပိုင်းတွင်တော့ အတုတံဆိပ်နယ်ပယ် သာရှိသည့် လူငယ်လေးကို ကာကွယ်ရခြင်းသည် အနည်းငယ် နိမ့်ကျမည်ဟု သူထင်ခဲ့သည်။

ယခုတော့ ထိုကဲ့သို့မဟုတ်ပဲ ဂုဏ်ယူနေရမည့် အရာဖြစ်ကြောင်း သူသဘောပေါက်လာသည်။

၁၆ ၁၇နှစ်အရွယ် အဆင့်၉ အဂ္ဂိရတ်ပညာရှင်။

သူ မပြုတ်ကျသရွေ့ သေမျိုးနယ်ပယ် အဆင့်၏ အောင်မြင်မှုသည် လုံးဝသေချာပြီး တောက်ပသော အနာဂတ်ကို ရရှိရန် အလားအလာ ပိုများ​လေသည်။

ဤပုဂ္ဂိုလ်မျိုးသည် အခြွေအရံအဖြစ် ရှာဖွေတဲ့အခါ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ တစ်စုံတစ်ဦး ရောက်လာလျှင်ပင် သူသည် အစေခံဖြစ်ရန် ဆန္ဒရှိပေလိမ့်မည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now