🗡110🗡မိန်းကလေးသုံးဦးအတူဆုံခြင်း

507 46 1
                                    

Chapter (110)
မိန်းကလေးသုံးဦး အတူဆုံခြင်း

ကျန်းဝူအကယ်ဒမီ၏ အိပ်ဆောင်၌။

တံခါးဖွင့်သံနဲ့အတူ ယွမ်ချောင်နှင့် ရန်းလင် အခန်းထဲ ဝင်လာသည်။

"လုရွှမ်ပေးခဲ့တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေက အစွမ်းထက်လွန်းတယ်.... အချိန်တိုလေး အတွင်းမှာပဲ ငါတန်းလိနယ်ပယ်ကို ခွန်အားအပြည့်နဲ့ ရောက်သွားပြီ!"

သူအခန်းထဲ ဝင်လာပြီးတာနဲ့ ယွမ်ချောင်ဟာ ​​သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကို ခံစားလိုက်ရပြီး စိတ်မထိန်းနိုင်စွာ ထုတ်​ပြောလာ၏။

"ဝိညာဥ်အရည်နဲ့ လေ့ကျင့်တာက လှည့်စားတဲ့ကိရိယာကို ဖွင့်တာနဲ့တူတယ်.... တစ်နေ့လောက်မှာ လေ့ကျင့်လိုက်တာနဲ့ အရေပြား အရိုးရဲ့ မူ​လနယ်ပယ်ကနေ ထိုးဖောက်ပြီး ကြံ့ခိုင်မှုအပြည့်ရှိတဲ့ တန်းလိနယ်ပယ်ကို ရောက်သွားတယ်... အဲဒါကို မလုပ်ခင်က ထိုးဖောက်နိုင်မယ်လို့ စဥ်းတောင်မစဥ်းစားရဲဘူး..."

ရန်းလင်မှာလည်း တောက်ပသော မျက်လုံးများ ရှိ၏။

လုရွှမ်က သူတို့ကို ကျွမ်းကျင်မှုအတွက် နည်းလမ်းအသစ်တွေနဲ့ ဝိညာဉ်ရေးအရည်တွေကို ပေးခဲ့သောအခါ တစ်ရက်အတွင်းမှာပဲ သူတို့ရဲ့ အဆင့်တွေက ခုန်ပျံသွားခဲ့သည်။

သူတို့နှစ်ဦးသည် မူလနယ်ပယ်မှ ဖြတ်ကျော်ကာ အင်အားအပြည့်ဖြင့် အားကောင်းလာခဲ့သည်။

ပြောရရင်တောင် သူတို့ကိုယ်သူတို့တောင် မယုံနိုင်ဘူး။

"လုရွှမ်က အစွမ်းထက်တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ပေးခဲ့တဲ့ ကိစ္စကို လျှို့ဝှက်ထားရမှာပဲ... မဟုတ်ရင် တခြားသူတွေရော ကိုယ့်ကိုပါ ထိခိုက်လာလိမ့်မယ်!" ယွမ်ချောင်က နားလည်စွာ ပြောလာ၏။

ဝိညာဉ်ရေးအရည်သည် အလွန်ရှားပါးသော်လည်း ၎င်းတို့အတွက် လျင်မြန်စွာတိုးတက်ရန် လုံးဝမဖြစ်နိုင်ပေ။ ယင်းမှာ လေ့ကျင့်ရေး နည်းလမ်းကြောင့်ဖြစ်ရမည်။

"ဟုတ်​တယ်​ သူဘယ်​လို အခွင့်​အ​ရေး​ကောင်း​တွေ ရ​လာလဲမသိဘူး... အစွမ်းထက်​တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ရလာတယ်"

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now