🗡22🗡ယွမ်ယန်ကျင့်စဥ်

794 68 0
                                    

Chapter (22)
ယွမ်ယန်ကျင့်စဥ်

အချိန်အနည်းငယ် ကြာပြီးနောက် လုရွှမ် နိုးလာခဲ့သည်။

"ထပ်ပြီး ပြန်မွေးဖွားလာတာလား?"

အသိစိတ် ရှိနေသေးတယ်လို့ ခံစားရပြီး လုရွှမ် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"ငါမသေဘူး? ဟားဟား ကြည့်ရတာ အောင်မြင်သွားပုံပဲ"

အစကတော့ တခြားခန္ဓာကိုယ်မှာ ပြန်မွေးဖွားလာတယ်လို့ ထင်ခဲ့ပေမယ့် သတိလစ်ရာက နိုးလာတဲ့အခါ မသေသေးဘူးဆိုတာ သိလိုက်ရသည်။

သူ့တစ်ကိုယ်လုံးမှာ ဆိုးရွားတဲ့ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး သွေးမထွက်တော့ပေမယ့် လှုပ်လိုက်တာနဲ့ နာကျင်နေတုန်းပါပဲ။

"ငါ့ရဲ့ မူလအမှတ်က မျက်ခုံးမွှေးကြားမှာ ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး..."

ထထိုင်ဖို့ကြိုးစားရင်း လုရွှမ် မေ့မြောမသွားမီက ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးလိုက်သည်။

တစ်ကိုယ်လုံးက နေရာသုံးဆယ့်ခြောက်ခုကို စမ်းကြည့်ပေမယ့် မူလအမှတ်ကို ရှာမတွေ့ခဲ့ပါဘူး။ မျက်ခုံးကြားကို အန္တရာယ်ရှိတဲ့ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သူ့လက်ရှိ ကျင့်ကြံမှုက အားနည်းလွန်းတာကြောင့် ဝိညာဉ်စွမ်းအင်များ အလျင်အမြန် စီးဝင်သွားတဲ့အခါ သူ့စိတ်တွေ တုန်လှုပ်သွားပြီး သတိမေ့မြောသွားခဲ့တာ ဖြစ်လေသည်။

သို့သော် သူ့မူလအမှတ်ကို ရှာတွေ့ပြီး ဝိညာဉ်စွမ်းအင်က အလိုအလျောက် ချုပ်ငြိမ်းသွားတဲ့အတွက် သူအသက်ရှင်နေခဲ့တာ ဖြစ်ပေ၏။

"မူလအမှတ်ကို ရှာတွေ့ပြီ....ငါလည်း ဝူအဆင့်တစ်ယောက် ဖြစ်လာပြီ"

မူလအမှတ်သည် ဝိညာဥ်စွမ်းအင်ကို အလိုအလျောက် သန့်စင်ပေးပြီး တစ်ကိုယ်လုံးကို စွမ်းအင် ဖြည့်ပေးမည်ဖြစ်သည်။ ပြောရရင် သူအခု ဝူအဆင့်လူတစ်ယောက်ကို တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

ပြီးတော့ ... တိမ်ပင်လယ်နယ်မြေ သမိုင်းမှာ ပထမဆုံး ကိုးကွင်းနယ်ပယ် သိုင်းပညာရှင် ဖြစ်လာလိမ့်မည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now