အခန်း (၅) ဘုရင့်နှလုံးသား ကျင့်စဉ်

736 75 0
                                    

ဂူရွှမ်း ချက်ချင်းပဲ အိမ်လေးထဲသို့ ပြေးဝင်လာသည်နှင့် သူနှင်မထုတ်ခံရခင်က တူညီတဲ့နေရာမှပဲ မတ်တပ်ရပ်နေသော ရဲ့ချန်ကို မြင်လိုက်ရပါတယ်။ သူ ရဲ့ချန်ရဲ့ခန္ဓာကိုယ် အပေါ်အောက် စုန်ချည်ဆန်ချည် လိုက်ကြလိုက်ပါတယ်။ သူ့မှာ ဒဏ်ရာတစ်ခုတောင် မတွေ့ရမှ သူစိတ်သက်သာရာရသွားပါတယ်။ ရုတ်တရက် ဂူရွှမ်းဟာ ရဲ့ချန် စိတ်ဝိညာဉ်တည်ထောင်ခြင်း ပထမအဆင့်ကို ရောက်ရှိနေသည်ဟု ခံစားလိုက်မိသည်။

ရဲ့ချန် သုညကနေ စိတ်ဝိညာဉ်တည်ထောင်ခြင်းပထမအဆင့်သို့ နာရီအနည်းငယ်အတွင်း မည်သို့ ရောက်ရှိသွားသလဲဆိုတာ အလွန် သိချင်သွားသည်။ " ချန် မင်းရဲ့အင်အားက အချိန်တိုအတွင်း ဘာဖြစ်လို့ တိုးလာတာလဲ..."

ရဲ့ချန် ဖြစ်စဉ်တစ်ခုလုံးကို အစမှအဆုံးထိ ရှင်းပြလိုက်ပါတယ်။ ထိုဟာကို ဂူရွှမ်းကြားလိုက်ရသောအခါ အလွန်ပဲ ပျော်ရွှင်သွားသည်။ " သိပ်ကောင်းတယ်...ဟား ဟား ဟား...ငါမမှားဘူးပဲ...ငါ့တပည့် မင်းကို ရွေးချယ်လိုက်တာ ငါမမှားဘူး..." ဂူရွှမ်း အလွန်ပျော်ရွှင်နေသောကြောင့် ဆက်ပြီး ရယ်မောနေသည်။

" ငါနဲ့လိုက်ခဲ့...ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အလွန်ရှင်းလင်းတဲ့အချက်အလက်တွေ မင်းကို ပေးရမယ်..." ဂူရွှမ်း ရဲ့ချန်​၏လက်ကိုဆွဲပြီး အခန်းအပြင်ဘက်သို့ ပျံသန်းထွက်လာပါတယ်။

" ချန်..ပြောပါအုံး...အခြေခံ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး မင်းဘယ်လောက်များများ သင်ယူခဲ့ရလဲ..." ဂူရွှမ်း မေးလိုက်သည်။

ရဲ့ချန် ပညာရှင်နတ်ဘုရား​၏အမွေအနှစ်စာအုပ်ထဲမှ သူရရှိခဲ့သော ဗဟုသုတအနည်းငယ်ကို ပြန်ရှင်းပြလိုက်သည်။

ရဲ့ချန် ပြောသမျှအားလုံးကို နားထောင်ပြီး ဂူရွှမ်းက ပြောလိုက်သည်။ " စပြီးကျင့်ကြံမယ့်သူတစ်ယောက်အတွက်တော့ ဒါတွေက တကယ်လိုအပ်တယ်...အခု ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားအဆင့်တွေကို ငါပြောပြမယ်..."

" သေမျိုးနယ်ပယ်မှာရှိတဲ့ ပထမဆုံးအဆင့်က....
သိုင်းပညာနယ်ပယ်
ငွေ့ရည်ဖွဲ့နယ်ပယ်
စိတ်ဝိညာဉ်တည်ထောင်ခြင်းနယ်ပယ်
စိတ်ဝိညာဉ်သိမ်မွေ့နယ်ပယ်
မြေကြီးသိမ့်မွေ့နယ်ပယ်
ကောင်းကင်သိမ်မွေ့နယ်ပယ်
အင်ပါယာနယ်ပယ်
ရှေးဟောင်းစစ်သည် နယ်ပယ်နဲ့
အရှင်သခင်နယ်ပယ် အစရှိသဖြင့် ရှိကြတယ်...မင်းကအခု နယ်ပယ်အဆင့်တွေထဲက စိတ်ဝိညာဉ်သိမ်မွေ့နယ်ပယ်အဆင့်ကို ရောက်နေပြီ...အရှင်သခင်အဆင့်က သေမျိုးအဆင့်တွေမှာ နောက်ဆုံးအဆုံးသက်ပဲ...မင်းက နတ်သခင်နယ်ပယ်အဆင့်ကို ရောက်လာပြီးရင်လည်း အဲ့ဒီ့နယ်ပယ်မှာ အဆင့်တွေအသီးသီးခွဲခြားထားပြန်တယ်...အဲ့ဒီ့အဆင့်တွေက.......
နတ်သခင် မွေးဖွားခြင်းနယ်ပယ်
နတ်သခင် စိတ်ဝိညာဉ်နယ်ပယ်
နတ်သခင် အန္တရာယ် နယ်ပယ်
နတ်သခင် ပြန်လည်မွေးဖွားခြင်း နယ်ပယ်
နတ်သခင် ဧကရာဇ် နယ်ပယ်
နတ်သခင် ဆရာ နယ်ပယ်
နတ်သခင် အရှင်သခင် နယ်ပယ် ဆိုပြီး ရှိကြတယ်...နတ်သခင် နယ်ပယ်မှာတော့ အရှင်သခင်နယ်ပယ်က အထွတ်အထိပ်ပဲ...ဒါတွေအားလုံး ပြီးသွားပြီဆိုရင်တော့ အစစ်မှန်နတ်ဘုရားအဆင့်ပဲ...ဒါပေမယ့် နတ်ဘုရားခေတ်က လွန်ခဲ့နှစ်သန်းပေါင်းများစွာကပါပဲ....ဒါ့အပြင် ဒီနတ်ဘုံမှာတော့ နတ်ဘုရားအဆင့်ကို ရောက်ရှိခဲ့တဲ့သူ ဘယ်သူမှမရှိတော့ဘူး..."

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now