အခန်း (၃၅) ချောင်ယမ်ယမ်၏ တောင်းဆိုချက်

461 34 0
                                    

ရဲ့ချန်ကို အော်လိုက်သောသူက ရက်စက်ကြမ်းကြုတ်တတ်သော မျက်နှာနှင့်လူ ဖြစ်သည်။ ထိုလူ​၏နာမည်မှာ ဆမ်တူပင် ဖြစ်သည်။ ဆမ်တူက အခန်းထဲတွင် အမြဲတမ်းဗိုလ်ကျတတ်သောသူ ဖြစ်သည်။ အခန်းထဲရှိလူအားလုံးကလည်း ဆမ်တူကို ကြောက်ရသည်။

ဆမ်တူက ချက်ချင်း ရဲ့ချန်ဆီသို့လျှောက်လာလိုက်ပြီး ရှပ်အင်္ကျီကော်လံကို ဆွဲလိုက်သည်။ ပြီးနောက် ရဲ့ချန်ကို ထိုင်ခုံကနေ ဘေးသို့တွန်းလွှတ်လိုက်သည်။ " မင်းက ငါ့နေရာကို ဘယ်လိုတောင် အပိုင်စီးရဲတာလဲ။ ငါဘယ်သူလဲဆိုတာ မင်းမသိဘူးလား "

" မင်းဘယ်သူလဲတော့ ငါမသိဘူး။ သိလည်းမသိချင်ဘူး " ရဲ့ချန် စိတ်မဝင်စားစွာ ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလိုက်ခြင်းက ဆမ်တူ​၏ဒေါသစနက်တံကို မီးရှို့ပေးလိုက်သည်နှင့် တူသည်။ အခန်းထဲရှိကျောင်းသားအားလုံးက သူ့ကို မော်မကြည့်ရဲအောင် ကြောက်ရသည်။ ယခုအချိန်မှာတော့ ကျောင်းသားအသစ်ကလေးတစ်ယောက်က မချေမငံ ပြန်ပြောနေပေပြီ။ " ကြည့်ရတာတော့ မင်းကို သင်ခန်းစာကောင်းကောင်းပေးမှ ရတော့မယ်နဲ့တူတယ်။ ဒါမှ မင်းက မင်းနေရာ မင်းသိမှာ "

အခန်းထဲမှာရှိသော ကျောင်းသားတွေက တဖြည်းဖြည်းနှင့် စုဝေးလာကြသည်။ သူတို့က ဆမ်တူကိုတောင် ပြန်လှန်ပြောရဲသော ထိုသနားစရာကောင်းသော လူချောလေး ဘာဆက်ဖြစ်မလဲဆိုတာ သိလိုကြသည်။

ဆမ်တူက သူ့ရဲ့မျက်နှာကို ရိုက်ဖို့ ပြင်ဆင်နေသည်ကိုကြည့်ရင်း ရဲ့ချန်​၏နူတ်ခမ်းမှ ထီမထင်သော အပြုံးတစ်ခုက ခိုတွဲလာသည်။ ထို့နောက် ရိုက်ချလာသော ဆမ်တူ​၏လက်ကို ဖမ်းထားလိုက်သည်။

" သေပါပြီဗျ...ခရက် ခရက်..." ဖိုက်တာကြီးဆမ်တူဆီမှ အော်ဟစ်လိုက်သော အသံတစ်ခုက ရှင်းရှင်းလင်းလင်းကြီး ထွက်ပေါ်လာသည်။

" နာလွန်းလို့ လွှတ်ပေးပါဗျာ " ဆမ်တူ​၏အာခေါင်ခြစ်ပြီး အော်သံက ထပ်မံထွက်ပေါ်လာသည်။ ဆမ်တူတစ်ယောက် ပထမဦးဆုံးအနေနှင့် ရဲ့ချန်နှင့်ဝေးရာသို့ ထွက်ပြေးလိုတဲ့အတွက် အသေအလဲတောင်းပန်ဖို့ ကြိုးစားနေရရှာသည်။ ထိုကဲ့သို့ ဖိုက်တာတစ်ဦးက ခွင့်လွှတ်ဖို့တောင်းပန်နေရသည်ကား ရှက်ဖွယ်လိလိပင် ဖြစ်ချေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now