အခန်း (၁၄၃) အဘိုး ချောင်ကျင်ရှမ်း အိမ်သို့ အလည်သွားခြင်း

227 15 0
                                    

ရဲ့ချန်က ချောင်ဂျင်ဂျမ်းနှင့်တွေ့ဆုံရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။ ချောင်ဂျင်ချမ်းကလည်း သူ့ကို အနာဂတ် သမက်လောင်းအဖြစ် ထည့်သွင်းစဉ်းစားထားပြီး ဖြစ်ကြောင်း ရဲ့ချန် ယုံကြည်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူနှင့်သွားရောက် တွေ့ဆုံရာတွင် ရဲ့ချန်က စိုးရိမ်မှုမရှိခြင်း ဖြစ်သည်။ ယင်းသည် ရဲ့ချန်က ချောင်ယမ်ယမ့်ကို နောင်ကျ အံ့အားသင့်သွားစေရန် တမင်တကာ လျှို့ဝှက်ထားခြင်း ဖြစ်​၏။

ချောင်ယမ်ယမ်က တဖြည်းဖြည်း စိတ်သက်သာရာ ရသွားခဲ့သည်။ " အဘိုးအိမ်ကို သွားဖို့ ပြင်ဆင်ရအောင် " စိတ်သက်သာရာ ရသွားပြီးနောက် ချောင်ယမ်ယမ်က ရဲ့ချန်ကို ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်ရန် ပြောလိုက်သည်။

ယခု ရဲ့ချန်သည်လည်း သူ​၏အဝတ်အစားများကို လဲလှယ်လိုက်​၏။ သူက ဈေးကြီးသော မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်း ဖြစ်​၏။

ထို့နောက် ချောင်ယမ်ယမ် အဝတ်စားလဲပြီးမည့် အချိန်ကို စိတ်ရှည်လက်ရှည် စောင့်စားနေလိုက်သည်။

မိနစ်အနည်းငယ်ခန့် ကြာပြီးသော် ချောင်ယမ်ယမ်က အပေါ်ထပ်ကနေ အောက်ထပ်သို့ ဆင်းလာသည်။ ယနေ့ည ချောင်ယမ်ယမ်က အောက်ခံအဖြူရောင်ကို လိပ်ပြာပုံစံ ပန်းပွင့်လေးများ စီခြယ်ထားသော အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ ထိုအရာနှင့်လိုက်ဖက်မှုရှိစေရန် လိပ်ပြာပုံသဏ္ဌာန် ဆံထိုးလေးနှစ်ချောင်းကိုလည်း ဆံထုံးတွင် တစ်ဖက်တစ်ချက်စီ ထိုးထားလေသည်။

ချောင်ယမ်ယမ်ဝတ်ထားသော ဝတ်စုံလေးက အင်မတန် လှပပေသည်။ နတ်သမီးလေးတစ်ပါး ကောင်းကင်က နတ်သက်ကြွေလာသည်ဟုပင် ထင်မှတ်မှားနိုင်ပေသည်။

ချောင်ယမ်ယမ်က ခန္ဓာကိုယ်ကို အလှဆီ မကြာမကြာ လိမ်းပေးသောကြောင့် ပို၍ပို၍ပင် အလှတိုးနေပြီး နတ်ဖုရားမလေးတစ်ဦးသဖွယ် ကျက်သရေ ရှိနေလေသည်။ ရဲ့ချန်ကတော့ သူ​၏မျက်လုံးများကို ချောင်ယမ်ယမ်​၏ခန္ဓာပေါ်က တစ်စက်မျှ မခွာတော့ချေ။

" ငါ့ကို ဘာဖြစ်လို့ ဒီလိုကြီး စိုက်ကြည့်နေတာလဲ၊ ငါ့မျက်နှာမှာ ပန်းတွေဘာတွေများ ပွင့်နေလို့လား " ချောင်ယမ်ယမ်က မေးလိုက်သည်။ မည်သို့ဆိုစေ ရဲ့ချန်က သူမကို မိန်းမောစွာ စိုက်ကြည့်နေသည်ကို မြင်ပြီး အတော်လေး ကျေနပ်သွားရသည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now