အခန်း (၁၄၆) အသစ်တစ်ခုကို စမ်းကြည့်ခြင်း

337 16 0
                                    

ရဲ့ချန် သူ​၏ညီလေးကို ပျော့ကျအောင်ထိ စောင့်စားနေရသည်။ နဂိုအတိုင်း ပြန်ဖြစ်သွားပြီးနောက် ရဲ့ချန်က စားသောက်ပွဲ ကျင်းပရာ ခန်းမထဲသို့ ပြန်လာခဲ့သည်။

ရဲ့ချန် ပြန်ရောက်လာသောအခါ ချောင်ဂျင်ချမ်း နှင့် စုဝမ်ဆန်တို့က အတော်လေး ရေချိန်ကိုက်နေပြီ ဖြစ်သည်။

သူတို့နှစ်ယောက်က နှစ်ကိုးဆယ်ဝိုင်ကို သောက်နေခြင်း ဖြစ်​၏။

ထန်နူကတော့ သူတို့နှစ်ယောက်ကို ဝိုင်ထပ်မသောက်တော့ဖို့ တားဆီးရန် အကူညီကင်းမဲ့စွာ ကြိုးစားနေရ​၏။ သူတို့သာ ဤသို့ ဆက်သောက်နေလျှင် မတ်တပ်ပင် ရပ်နိုင်ရန် မသေချာတော့ပေ။

အခြားတစ်ဖက်တွင် စုမန်ချီက ချောင်ယမ်ယမ်​၏ဘေးက ထိုင်ခုံတွင် ပြောင်းထိုင်ပြီး သူမနှင့် သွားရော​က် စကားနေပြီ ဖြစ်​၏။ သူမတို့နှစ်ဦးက အနည်းငယ် ပို ရင်းနှီးလာသည့်ပုံ ပေါ်လေသည်။

" ရဲ့ချန် ဒီကိုလာ၊ ဒီဝိုင်ကို စမ်းသောက်ကြည့်စမ်း " ချောင်ဂျင်ချမ်းက ရဲ့ချန်ကို ဝိုင်သောက်ရာတွင် ပါဝင်ရန် လှမ်းခေါ်လိုက်သည်။

ရဲ့ချန်က ပြုံးပြီး ချောင်ဂျင်ခမ်းဆီသို့ လျှောက်လာကာ ဝိုင်သောက်ရန် ဝင်ထိုင်လိုက်သည်။

" ဂျင်ချမ်း ရှင်ဘာဖြစ်လို့ ကျောင်းသားတစ်ယောက်ကို အရက်တွေ တိုက်နေတာလဲ " တစ်ဖက်တွင် ထိုင်နေသော ထန်နူက ရဲ့ချန်ကို အရက်တိုက်နေသော ချောင်ဂျင်ချမ်းကို ဆူလိုက်သည်။

" လာစမ်းပါ၊ အဲလောက်ထိ တင်းကျပ်မနေပါနဲ့၊ ဒီအသက်အရွယ်မှာ အရက်သောက်ရဲတဲ့ လူကမှ အနာဂတ်မှာ သေချာပေါက် အောင်မြင်မယ့်လူ " ချောင်ဂင်ချမ်းသည် ရဲ့ချန်​၏ရှေ့က ဖန်ခွက်ထဲသို့ နှစ်ကိုးဆယ်ဝိုင်များ ငှဲ့ပေးလိုက်သည်။

ရဲ့ချန်သည် ဖန်ခွက်ထဲက ဝိုင်များကို တစ်ငုံစာလောက် သောက်လိုက်​၏။ တစ်နာရီခန့် ကြာသောအခါ သူတို့သုံးယောက်သည် ဝိုင်ငါးပုလင်း ဖြိုပြီးပြီ ဖြစ်​၏။

ကံကောင်းထောက်မစွာ ရဲ့ချန်​၏သောက်နိုင်စွမ်းက အတော်လေး မြင့်မားနေခဲ့သည်။ ထို့ကြောင့် သူတို့သုံးယောက်ထဲတွင် ရဲ့ချန်တစ်ယောက်တည်းသာ အနည်းငယ် ခေါင်းထောင်နိုင်တော့​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Onde as histórias ganham vida. Descobre agora